အလက်ပိုမြို့အတွင်းမှ ဘေးကင်းရာသို့ပြောင်းရွှေ့မှုမှာ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆီးရီးယားစစ်တပ် အရာရှိများမှ အတည်ပြု

အလက်ပိုမြို့အတွင်းမှ ဘေးကင်းရာသို့ပြောင်းရွှေ့မှုမှာ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆီးရီးယားစစ်တပ် အရာရှိများမှ အတည်ပြု
 
 
 

အလက်ပိုမြို့ရှိ သူပုန်များထိန်းချုပ်ထားရာနယ်မြေမှ ပြည်သူများကိုဘေးကင်းရာသို့ ပြောင်းရွှေ့မှု အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆီးရီးယားအာဏာပိုင်များက အတည်ပြုပြောကြားခဲ့ပါသည်။

အပစ်အခတ်ရပ်စဲသဘောတူညီချက်ဟာ ဆက်လက်တည်တံ့နေဆဲဖြစ်ပြီး ဆီးရီးယားပြည်နယ်ရုပ်သံများက လည်း ဘတ်စ်ကားအစီး၂၀လောက်နှင့် လူနာတင်ယာဉ် ၁၀စီးလောက်ဟာ စက်နှိုးပြီး အစိုးရနှင့်သူပုန်များထိန်း ချုပ်ထားသောနေရာကြားရှိ စစ်ဆေးရေးဂိတ်များမှာ စောင့်ဆိုင်းနေတဲ့ အကြောင်းကို ထုတ်လွှင့်ခဲ့ပါသည်။

မြို့တွင်းရှိဖျားနာနေသူများနှင့် ဒဏ်ရာရနေသူများကို ကူညီပြုစုပေးနေသော Ahmad al-Dbis အမည်ရှိဆရာဝန် တစ်ယောက်ကလည်း ပြည်သူများဟာဘတ်စ်ကားပေါ်သို့ တက်ရောက်နေကြပြီး   ဘေးကင်းရာသို့ပြောင်းရွှေ့မှု အစီအစဉ်ဟာလည်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စေတနာ့ဝန်ထမ်းပေါင်း ၁၀၀ လောက်ဟာ အကူအညီပေးဖို့ အသင့်အနေထားနှင့်   စောင့်ဆိုင်းနေကြကြောင်း ဆီးရီးယန်းအာရပ်လခြမ်းနီအဖွဲ့မှ ပြောကြားခဲ့ပါသည်။

နှစ်ဖက်စလုံးမှတိုက်ခိုက်ရေးသမားများနှင့် သူပုန်များထိန်းချုပ်ထားရာနယ်မြေအတွင်းရှိ ပြည်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးမည့် အစီအစဉ်အသစ်ဟာ ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းတုန်းက ထွက်ပေါ်ခဲ့ပြီး ကြာသာပတေးနေ့ မနက်ပိုင်းမှာ စတင်မည့်အကြောင်း အတည်ပြုခဲ့ပါသည်။ သို့သော်လည်း အိုက်ဒလစ်ဘ်ခရိုင်အနီးရှိ သူပုန်များ ထိန်းချုပ်ထားရာနယ်မြေမှ ပြည်သူအရေအတွက်မည်မျှ ထွက်ခွာနိုင်မည့်အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရပါသည်။

Ref: Independent

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly