အမျိုးသမီးအက်ရှင်ဟီးရိုးများကို ပရိသတ် လက်ခံလာပြီဖြစ်ကြောင်း Star War သရုပ်ဆောင် Felicity Jones ပြောကြား

အမျိုးသမီးအက်ရှင်ဟီးရိုးများကို ပရိသတ် လက်ခံလာပြီဖြစ်ကြောင်း Star War သရုပ်ဆောင် Felicity Jones ပြောကြား

Rogue One:A Star War Story မင်းသမီးဖြစ်သူ Felicity Jones က အက်ရှင်ဇာတ်ကားများထဲတွင်အမျိုးသမီး များ၏အခန်းကဏ္ဍအရေအတွက် များပြားလာခြင်းဟာ ရုပ်ရှင်ရုံတွေထဲမှာ အံ့သြစရာ အခိုက်အတံ့ကို ဖြစ်ပေါ်စေပါတယ်လို့ပြောခဲ့ပါသည်။

Star Wars ဇာတ်ကားသစ်ထဲမှာ Jyn Erso အဖြစ် သရုပ်ဆောင်ပါ၀င်ထားတဲ့ Jones က ရုံဝင်ငွေအရမ်းရတဲ့ Star Wars ရုပ်ရှင်ထဲမှာ ပါ၀င်သရုပ်ဆောင်ရခြင်းဟာ အရမ်းကို  ကောင်းမွန်ကြောင်းနဲ့   ခေါင်းဆောင်အမျိုးသမီး ဇာတ်ရုပ်များနှင့် အမျိုးသမီးများခေါင်းဆောင်ပါ၀င်ထားသော ဇာတ်ကားအရေအတွက်ဟာ အမျိုးသားများခေါင်းဆောင် ပါ၀င်ထားသော ဇာတ်ကားအရေအတွက်လိုမျိုး များပြားလာပြီဖြစ်ကြောင်း ပြောခဲ့ပါသည်။ ဒါ့အပြင် ရုပ်ရှင် မင်းသမီးဖြစ်ရတာလည်း အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းကြောင်း ပြောခဲ့ပါသည်။

Rogue One:A Star Wars Story ဟာ ဗြိတိန်နိုင်ငံလန်ဒန်မြို့မှာ ပြီးခဲ့သောအင်္ဂါနေ့ကအထူးပွဲပြသခဲ့ပြီး ယခုလာမည့် အပတ်မှာတော့ ကမ္ဘာအနှံ့ပြသသွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly