ဒေါ်နယ်ထရမ့်ရဲ့ ရာထူးအပ်နှင်းပွဲမှာ သီချင်းဆိုပေးမည့် အမေရိကန် Got Talent စတား ဂျက်ကီအီဗန်ချို

ဒေါ်နယ်ထရမ့်ရဲ့ ရာထူးအပ်နှင်းပွဲမှာ သီချင်းဆိုပေးမည့် အမေရိကန် Got Talent စတား ဂျက်ကီအီဗန်ချို

အမေရိကန် Got Talent ပြိုင်ပွဲမှာ ဒုတိယဆုကိုရရှိခဲ့သော ဂျက်ကီအီဗန်ချိုဟာ ဒေါ်နယ်ထရမ့်ရဲ့ရာထူးအပ်နှင်း ပွဲမှာ နိုင်ငံတော်သီချင်း သီဆိုပေးမည်ဖြစ်ပါသည်။

အသက် ၁၆ နှစ်အရွယ် ရှိပြီဖြစ်သည့်သူမဟာ လာမည့် ဇန်နဝါရီ၂၀ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ပွဲအတွက် အလွန်ကို စိတ်လှုပ်ရှားနေကြောင်း သိရပါသည်။ သူမဟာ ၂၀၁၀ခုနှစ်တုန်းက ရုပ်သံ Talent ပြိုင်ပွဲမှာ ဒုတိယဆုကို ရရှိခဲ့ပါသည်။ သမ္မတရာထူးအပ်နှင်းပွဲရဲ့ကော်မတီဝင်ဖြစ်သူ ဆက်ဆံရေးဒါရို်က်တာ Boris Epshteyn က သူမဟာ အမေရိကန်လူမျိုး အားလုံးအတွက် အားကျစရာကောင်းမည့် သူတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့ပါသည်။

ဂျက်ကီအီဗန်ချိုဟာ သမ္မတရာထူးအပ်နှင်းပွဲတွင် ဖျော်ဖြေမည့် အဆိုတော်စာရင်းမှာ ပထမဦးဆုံး ဖျော်ဖြေမည့်သူ ဖြစ်ပြီး အီတလီအဆိုတော် Andrea Bocelli နှင့် Kanye West တို့ဟာလည်း အဆိုပါပွဲမှာ ဖျော်ဖြေမည်ဟု ကောလဟာလထွက်ရှိနေပါသည်။ West ဟာ ပြီးခဲ့သောအင်္ဂါနေ့တုန်းကလည်း ထရမ့်မျှော်စင်မှာ ဒေါ်နယ်ထရမ့် နှင့်တွေ့ဆုံခဲ့ဖူးပြီး လာမည့်ရာထူးအပ်နှင်းပွဲမှာ   ဖျော်ဖြေမလား ဆိုတာကိုတော့ အတည်ပြုခဲ့ခြင်းမရှိကြောင်း သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly