မြန်မာနိုင်ငံမှာ စင်္ကာပူ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တက်လာမည်

မြန်မာနိုင်ငံမှာ စင်္ကာပူ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တက်လာမည်
(ဓာတ်ပုံ - အီးပီအေ)

လာမယ့်နှစ်မှာ မြန်မာနိုင်ငံသို့ စင်္ကာပူခရီးသွားများ လာရောက်လည်ပတ်မှု ၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးက ခန့်မှန်းထားကြောင်း TTR Weekly က ဖော်ပြခဲ့ပါတယ်။

မြန်မာနှင့် စင်္ကာပူကြား ဗီဇာကင်းလွတ်ခွင့်ဟာ ယခုနှစ် ဒီဇင်ဘာ ၁ ရက်ကတည်းက သက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

"နိုင်ငံက ခရီးသွားသူတွေကို ဆွဲဆောင်နိုင်မှုတွေ အောင်အောင်မြင်မြင် ပြုလုပ်ပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံသား ခရီးသွားသူတွေ လာရောက်လည်ပတ်မှု ၃၅ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။"လို့ ဝန်ကြီး ဦးအုန်းမောင်က ပြောပါတယ်။

နှစ်နိုင်ငံကြား ဗီဇာ ကင်းလွှတ်ခွင့် မိတ်ဆက်ပြီးနောက်ပိုင်း စင်္ကာပူမှာ မြန်မာ အားလပ်ရပ်အလည်အပတ်များအတွက် ကြိုတင် စာရင်းသွင်းမှုများ ပြုလုပ်မှု မြင့်တက်လာတယ်လို့ သိရှိရပါတယ်။

နှစ်နိုင်ငံကြား စျေးသက်သာတဲ့ လေကြောင်းခရီးစရိတ်က စင်္ကာပူခရီးသွားသူတွေကို ဆွဲဆောင်ထားနိုင်တဲ့ အချက်လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly