တတိယမြောက်အယ်လ်ဘမ်သစ် ထွက်ရှိတော့မည့် နာမည်ကျော်အဆိုတော် Ed Sheeran

တတိယမြောက်အယ်လ်ဘမ်သစ် ထွက်ရှိတော့မည့် နာမည်ကျော်အဆိုတော် Ed Sheeran

နာမည်ကျော်အဆိုတော် Ed Sheeran ဟာ အင်တာနက်မှာလူမှုကွန်ယက်သုံးစွဲခြင်းမှ တစ်နှစ်တိတိရပ်နား ထားခဲ့ပြီးအကြာမှာသူ့ရဲ့လူမှုကွန်ယက်ပရိုဖိုင်းဓာတ်ပုံအား အပြာရောင်ခြယ်ထားသော ရုပ်ပုံသို့ပြောင်းခဲ့ပါသည်။

ဒါဟာ သူ့ရဲ့ပရိတ်သတ်တွေအတွက်တော့ အဆိုတော်ဟာ သူ့ရဲ့တတိယမြောက်သီချင်းအယ်လ်ဘမ်အသစ် ကိုမကြာခင်ထုတ်လွှင့်တော့မည့်အကြောင်းအစဖော်ပေးသလိုဖြစ်ခဲ့ပါသည်။

မနှစ်ကတုန်းကဒီအချိန်မှာသူဟာကမ္ဘာပတ်ခရီးထွက်ခွာတော့မည့်အကြောင်းနဲ့ နောက်နှစ်ဆောင်းဦးရာသီမှာ ပြန်လည်တွေ့ဆုံမည့်အကြောင်းကို ကြေညာခဲ့ပါသည်။ အဲ့ဒီ့နောက်ဆယ့်နှစ်လတိတိ အကြာမှာပဲ Ed ဟာပြန် လည်ရောက်ရှိလာဖို့အဆင့်သင့်ဖြစ်နေပါပြီ။ သီချင်းရေးဆရာမ Amy Wadge ကတော့Ed ဟာသူ့ရဲ့အယ်လ် ဘမ်အသစ်ကို ထုတ်လွှင့်တော့မည့်အချိန်ရောက်ရင် အင်တာနက်ပြန်သုံးမှာပါလို့ ပြောခဲ့ပါသည်။

Amy ဟာ နာမည်ကျော် Thinking Out Loud ဆိုတဲ့သီချင်းကို Ed နဲ့အတူရေးသားခဲ့ဖူးပြီး အယ်လ်ဘမ် အသစ်ဟာသိပ် မကြာခင်အချိန်မှာပဲထွက်ရှိလာမှာဖြစ်တယ်လို့ပြောခဲ့ပါသည်။သူမနဲ့ Ed တို့နှစ်ယောက်ဟာ မကြာသေးခင်က မှ X Factor မှာအနိုင်ရရှိခဲ့သောအဆိုတော်အတွက် သီချင်းအတူရေးသားနေပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags