အလက်ပိုမြို့မှ သူပုန်များနှင့် ပြည်သူများဘေးကင်းရာသို့ ပြောင်းရွှေ့မှု နှောင့်နှေးကြန့်ကြာနေ

အလက်ပိုမြို့မှ သူပုန်များနှင့် ပြည်သူများဘေးကင်းရာသို့ ပြောင်းရွှေ့မှု နှောင့်နှေးကြန့်ကြာနေ

ဖွတ်ဖွတ်ညက်ညက်ကြေနေသော အလက်ပိုမြို့အရှေ့ပိုင်းမှ သူပုန်များနှင့် ပြည်သူများဘေးကင်းရာသို့ ပြောင်းရွှေ့ မှုအစီအစဉ်မှာ နှောင့်နှေးကြန့်ကြာနေကြောင်း သိရပါသည်။ ပြောင်းရွှေ့မှုအတွက် အသုံးပြုရန် အစိုးရဘတ်စ်ကား များကိုမြို့တွင်းသို့ ခေါ်ဆောင်လာပြီဖြစ်သော်လည်း တစ်စီးမှ မထွက်ရသေးကြောင်း သတင်းပေးပို့မှုများ ရှိပါသည်။

ဆီးရီးယားအစိုးရကတော့ သူပုန်တပ်များဝန်းရံထားရာ အဆိုပါမြို့ထဲမှ သူတို့ရဲ့ဒဏ်ရာရနေသော အစိုးရတပ်သား များနှင့်ပြည်သူများကို အဆိုပါမြို့တွင်းမှ တပြိုင်နက် ဘေးကင်းရာသို့   ပြောင်းရွှေ့ရန် တောင်းဆိုနေပါသည်။

အစိုးရတပ်များနှင့် သူပုန်တပ်များကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုကို ပြီးခဲ့သော အင်္ဂါနေ့က ကြေညာခဲ့ ပါသည်။

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာတော့ သူပုန်အရာရှိနှစ်ယောက်က နှောင့်နှေးကြန့်ကြာမှုများရှိနေသော်လည်း အပစ် အခတ်ရပ်စဲရေး သဘောတူညီမှုဟာ တည်ဆဲဖြစ်နေသေးကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါသည်။

အလက်ပိုမြို့ အရှေ့ပိုင်းဟာ လွန်ခဲ့သော ၂၀၁၂ ခုနှစ်ကတည်းက သူပုန်များထိန်းချုပ်ရာ နယ်မြေဖြစ်ခဲ့ပါသည်။ သို့သော်လည်း ဆီးရီးယားအစိုးရတပ်၏ ရုရှားလေကြောင်း အကူအညီများဖြင့် တိုက်ခိုက်မှုများကြောင့် သိပ်မကြာခင် လများကတည်းက သူပုန်တပ်များရဲ့ မြို့ကို ထိန်းချုပ်ရာနယ်မြေများဟာ တဖြည်းဖြည်း နည်းပါးလာခြင်း ဖြစ်ပါ သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly