ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကို မန်စီးတီးလွှမ်းမိုးနိုင်မည်ဟု စတာလင်းယုံကြည်

ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကို မန်စီးတီးလွှမ်းမိုးနိုင်မည်ဟု စတာလင်းယုံကြည်

ဇူလိုင် ၂၀၊ မဲလ်ဘုန်း ။       ။ မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို လွှမ်းမိုးနိုင်လိမ့်မည်ဟု ကစားသမားသစ် စတာလင်းက ယုံကြည်နေသည်။

"ဒါဟာ အသင်းကသွားနေတဲ့ ဦးတည်ချက်ပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်းက သွားနေခဲ့တာ။ အခုကြည့်ရတာ အင်္ဂလန်နဲ့ ဥရောပမှာ လွှမ်းမိုးနိုင်ဖို့ တိုးတက်လာပုံပဲ။ ချန်ပီယံလိဂ်ကတော့ ကစားခွင့်ရတာ သိပ်ကောင်းပါတယ်။

လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အကောင်းဆုံးပြိုင်ပွဲ မှာ အကောင်းဆုံးကစားသမားတွေကို အကောင်းဆုံး ကစားသမားတွေနဲ့အတူ ယှဉ်ပြိုင်ကစားချင်တယ်။ ဒါက ကျွန်တော့်ရဲ့ စွမ်းရည်ကိုပြသ ခွင့်ရမယ့်အခွင့်အရေးပါပဲ။
မန်စီးတီးအသင်းမှာ ကစားသမားကောင်းတွေရှိတယ်။ တကယ်ကောင်းတဲ့လူစာရင်းပဲ။

ဒါပေမဲ့ အဂူရို၊ ဆေးလ်ဗားနဲ့ ယာယာတိုရေးတို့သာ ကျွန်တော့်ကို တိုးတက်စေနိုင်မှာပါ"ဟု စတာလင်းက ပြောသည်။

စတာလင်းသည် ပြီးခဲ့သည့်တစ်ပတ်တွင် မန်စီးတီးအသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သော ပေါင် ၄၉ သန်းဖြင့် လီဗာပူးလ်မှပြောင်းလာပြီး ဈေးအကြီးဆုံး အင်္ဂလိပ်ကစားသမားအဖြစ်လည်း စံချိန်တင်ထားသူဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags