ရာသီသစ်မန်ယူတိုက်စစ်တွင် ရွန်နီတစ်ဦးတည်းသာ အထောင်ကစားရဖွယ်ရှိ

ရာသီသစ်မန်ယူတိုက်စစ်တွင် ရွန်နီတစ်ဦးတည်းသာ အထောင်ကစားရဖွယ်ရှိ

ဇူလိုင် ၂၀၊ မန်ချက်စတာ ။ ။ လာမည့်ရာသီ မန်ချက်စတာယူနိုက်တက်တိုက်စစ်တွင် ရွန်နီတစ်ဦးတည်းကိုသာ အထောင်ထား ကစားမည်ဟု နည်းပြဗန်ဟားလ်က ရွန်နီအားပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက ကွင်းလယ်အပါအဝင် အသင်းလိုအပ်သည့်နေရာမျိုးစုံတွင်ကစားခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်မှာ လာမည့်ရာသီ၌ ၎င်း၏မူလနေရာဖြစ်သော အထောင်တိုက်စစ်မှူးအဖြစ် ပြန်လည်ထားကစား ခံရတော့မည်ဖြစ်သည်။

ယူနိုက်တက်သည် ဖယ်လ်ကာအိုနှင့် ဗန်ပါစီတို့အသင်းပြောင်းသွားပြီးနောက် အပြောင်းအရွှေ့ကာလအတွင်းနောက်ထပ် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရဖွယ်ရှိနေသည်။

သို့သော် နည်းပြဗန်ဟားလ်နှင့် အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်တို့သည် ယင်းအတွက်သွေးအေးနေကြပြီး ရွန်နီကို ပုံမှန်နေရာ တွင်ပြန်ထားပါက ဂိုးများပြန်ရလာမည်ဟု ယူဆနေကြသည်။

ဒီမာရီယာ၊ မာတာတို့ကဲ့သို့ ကစားသမားများကိုပိုင်ဆိုင်ထားစဉ်တွင် နယ်သာလန်တိုက်စစ်သမား ဒီပေးကိုလည်းခေါ်ယူ ထားပြီးဖြစ်ရာ ရွန်နီအနေဖြင့် ဂိုးများသွင်းယူနိုင်ရန် ယင်းကစားသမားများ၏ အထောက်အကူကို ရရှိလိမ့်မည်ဟု နည်းပြ ဗန်ဟားလ်က ယုံကြည်နေသည်။

ပြီးခဲ့သည့်ရာသီက နေရာမျိုးစုံကစားခဲ့ရသော အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးသည် ၁၄ ဂိုးသွင်းပြီးအသင်း၏ ဂိုးအများဆုံးဖြစ် ခဲ့သော်လည်း နှစ်ပေါင်း ၃၃ နှစ်အတွင်း ထိပ်ဆုံးမှဂိုးအများဆုံးသွင်းသူများစာရင်းတွင်မူ ဂိုးရအနည်းဆုံး ကစားသမားဖြစ်ခဲ့ သည်။

ရွန်နီသည် ရာသီကြိုခြေစမ်းပြိုင်ပွဲဖြစ်သည့် ကလပ်အမေရိကနှင့်ပွဲတွင် အထောင်တိုက်စစ်မှူးအဖြစ်ကစားခဲ့ပြီး သြဂုတ် ၈ တွင် စပါးနှင့် ပရီးမီး ယားလိဂ်အဖွင့်ပွဲ၌လည်း ယင်းနေရာ၌ပင် ကစားရမည်ဟု ညွှန်ကြားခံထားရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly