သံသယရှိသူများကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်မိသည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးဝန်ခံ

သံသယရှိသူများကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်မိသည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးဝန်ခံ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးဟာ ဒါဗိုဝ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းက ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား ကိုယ်တိုင်သတ်ဖြတ်ခဲ့မိသည်ဟု ၀န်ခံလိုက်ပါသည်။

သူဟာတောင်ပိုင်းရှိ မြို့တော်လေးမှာ ဆယ်စုနှစ်နှစ်ခုကြာအောင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရာဇဝတ်မှုများကို နှိမ်နင်းနိုင်ခဲ့မှုအတွက် ဂုဏ်သတင်းကျော်စောခဲ့သလို တရားမဝင် လက်မရွ့ံအဖွဲ့များအား ထောက်ပံ့ပေးခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရဖူးပါသည်။

မစ္စတာဒူတာတေးဟာ တနင်္လာနေ့တုန်းက ဖိလစ်ပိုင်မှာရှိတဲ့ စီးပွားရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခြားခရီးမသွားခင် တွေ့ဆုံစကားပြောခဲ့ပါသည်။ ယခုအကြောင်းအရာဟာ မစ္စတာဒူတာတေးရဲ့ ရှုပ်ထွေးသော၊ တစ်ခါတစ်ရံ ရှေ့နောက်မညီသော မှတ်ချက်ချ ပြောကြားချက်များထဲမှ တစ်ခုဖြစ်ပါသည်။

ယခုနောက်ဆုံး မှတ်ချက်ချပြောကြားချက်ထဲမှာ သူဟာ ဒါဗို၀်မြို့၌ညဖက်တွင် ဆိုင်ကယ်ပတ်မောင်းလေ့ရှိပြီး သံသယရှိသူများကို သတ်ဖြတ်နိုင်မည့် ထိပ်တိုက်တွေ့ဆုံမှုများကို ရှာကြံလေ့ရှိကြောင်းကို ရဲသားများအား ပြင်းထန်သော အင်အားသုံးနိုင်ကြောင်း ထင်ရှားစေရန် သာဓကနှင့်တကွ ပြောပြခဲ့ခြင်းဖြစ်ပါသည်။ အလားတူမှတ်ချက်မျိုးကို လွန်ခဲ့သော ၂၀၁၅ခုနှစ်က သူကပြောကြားခဲ့ပြီး ဒါဗိုဝ်မြို့တွင် မုဒိမ်းမှုနှင့်ပြန်ပေးဆွဲမှုအတွက် အနည်းဆုံး သံသယရှိသူသုံးဦးကို သူကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံခဲ့ဖူးပါသည်။

သို့သော်လည်း ယခုလို မှတ်ချက်မပေးခင် ဖိလစ်ပိုင်စံပြထူးချွန်ဆုပေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့တုန်းက သူဟာ လူသတ်သမား မဟုတ်ကြောင်းကို အခိုင်အမာပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly