လေလံပွဲ၌ စတာလင်ပေါင် ၃၇၀၀၀၀ ထိ စျေးရရှိခဲ့သည့် ရှားပါး ဟယ်ရီပေါ်တာစာအုပ်

လေလံပွဲ၌ စတာလင်ပေါင် ၃၇၀၀၀၀ ထိ စျေးရရှိခဲ့သည့် ရှားပါး ဟယ်ရီပေါ်တာစာအုပ်

ဂျေကေရိုးလင်းကိုယ်တိုင် လက်ရေးဖြင့်ရေးသားထားသော ဟယ်ရီပေါ်တာကမ္ဘာထဲမှ ဇာတ်လမ်းအကြောင်း စာအုပ်ကို လေလံတင်ခဲ့ပြီး စတာလင် ပေါင် ၃၇၀၀၀၀အထိစျေးရရှိခဲ့ပါသည်။ ရတနာစီခြယ်ထားသော The Tales of Beedle the Bard စာအုပ်ကို ဂျေကေရိုးလင်းအားပထမဦးဆုံးပုံနှိပ်ထုတ်ဝေဖို့ စာချုပ်ချုပ်ဆိုခဲ့သူ မစ္စတာ ဘယ်ရီကန်နင်ဟမ်က ပိုင်ဆိုင်ထားပါသည်။

အဆိုပါစာအုပ်ကို စုစုပေါင်းခြောက်အုပ်သာ ထုတ်ဝေခဲ့ပြီး ဟယ်ရီပေါ်တာစာအုပ်များထုတ်ဝေရေးတွင်အားစိုက် ပါ၀င်ခဲ့သူများကို ဂျေကေရိုးလင်းကိုယ်တိုင် လက်ဆောင်ပေးခဲ့သောစာအုပ်များထဲမှ တစ်အုပ်ဖြစ်ပါသည်။ ထိုစာ အုပ်ကို ဂျေကေရိုးလင်း၏သဘောတူညီမှုဖြင့် မစ္စတာကန်နင်ဟမ်က ရောင်းချခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ်ထဲမှ အချို့ကို ရိုးလင်း၏ ချိုငဲ့သူများကိုကူညီသောအသင်းအဖွဲ့ Lumos သို့ လှူဒါန်းမည်ဖြစ်ပါသည်။

အဆိုပါစာအုပ်ထဲမှ စာလုံးပေါင်း ၆၀၀၀ကို ရိုးလင်းကိုယ်တိုင်လက်ရေးဖြင့်ရေးသားခဲ့ပြီးရုပ်ပုံဇယားများကိုလည်း ကိုယ်တိုင်ရေးဆွဲခဲ့ကာ မစ္စတာကန်နင်ဟမ်အတွက်ကိုလည်း သီးသန့်ရည်ရွယ်ပြီး စာပိုဒ်တစ်ခုရေးသားပေးခဲ့ပါ သည်။ “မျက်မှန်နဲ့မှော်ပညာရှင်ကောင်လေးအကြောင်းရေးထားတဲ့အလွန်ရှည်လျားသောဝတ္ထုစာအုပ် ဟာ ရောင်းအားအကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ခဲ့သော ဘယ်ရီအား ကျေးဇူးတင်ပါတယ်” လို့သူမက ရေးသားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly