ရွှေကမ္ဘာလုံးဆုအတွက် လျာထားခြင်းခံရသော စာရင်း၌ La La Land ဇာတ်ကားမှ ဦးဆောင်

ရွှေကမ္ဘာလုံးဆုအတွက် လျာထားခြင်းခံရသော စာရင်း၌ La La Land ဇာတ်ကားမှ ဦးဆောင်

ဂီတဇာတ်မြူးဇာတ်ကားဖြစ်တဲ့ La La Land ဟာ ယခုနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲအတွက်လျာထားခံရသောစာရင်း စုစုပေါင်း ရ ဆု အတွက် လျာထားခံရပြီး စာရင်းမှာ ဦးဆောင်နေပါတယ်။

Damien Chazelleရဲ့ ဇာတ်ကားဟာ အကောင်းဆုံးဂီတဆုအတွက်သာမက ဟာသရုပ်ရှင်ဆုအတွက်ပါ လျာထားခံရတဲ့အပြင် အဓိကသရုပ်ဆောင်များဖြစ်ကြတဲ့ Emma Stone နဲ့ Ryan Gosling တို့ဟာလည်း အကောင်းဆုံး သရုပ်ဆောင်ဆုတွေအတွက် လျာထားခံရပါတယ်။

ဒါ့အပြင် ဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ Chazelle ဟာလည်း အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာအဖြစ်ရော အကောင်း ဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုအတွက်ရော၊ သီချင်းအတွက်ကိုပါ လျာထားခြင်း ခံထားရပါတယ်။

La La Land ရဲ့နောက်မှာတော့ Moonlight ဇာတ်ကားက အကောင်းဆုံး ဒရာမာဆုအပြင် ဆုပေါင်း ၆ ဆု အတွက် လျာထားခံထားရပြီး စာရင်း၌ ဒုတိယနေရာမှ ရပ်တည်နေပါတယ်။ ဗြိတိန်မင်းသမီး Naomie Harris ဟာလည်း အဆိုပါဇာတ်ကားမှာ မူးယစ်ဆေးစွဲနေသော ဇာတ်ကောင်နေရာမှပါ၀င်ထားပြီး အကောင်းဆုံးဇာတ်ပို့မင်းသမီး ဆုအတွက်လျာထားခြင်းခံထားရပါတယ်။

ရွှေကမ္ဘာလုံးဆုအတွက် လျာထားခံရတဲ့ စာရင်းကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.bbc.com/news/entertainment-arts-38291774

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly