ဘုရားသခင်အား စော်ကားသည်ဆိုသော စွပ်စွဲချက်နှင့် ဂျာကာတာအုပ်ချုပ်ရေးမှူး Ahok အားရုံးတင်စစ်ဆေး

ဘုရားသခင်အား စော်ကားသည်ဆိုသော စွပ်စွဲချက်နှင့် ဂျာကာတာအုပ်ချုပ်ရေးမှူး Ahok အားရုံးတင်စစ်ဆေး

ခရစ်ယာန်ဘာသာဝင်တရုတ်လူမျိုးဖြစ်သူ ဂျာကာတာအုပ်ချုပ်ရေးမှူး Ahok ကိုဘုရားသခင်အားစော်ကားပြော ဆိုသည်ဆိုသော စွပ်စွဲချက်ဖြင့် ယနေ့ဒီဇင်ဘာ၁၃ရက် အင်္ဂါနေ့တွင် ပထမဦးဆုံး ရုံးတင်စစ်ဆေးခဲ့ရာ တရားရုံးတွင် စိတ်ထိခိုက်စရာ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပါသည်။

Ahok အဖြစ်လူသိများသူ မစ္စတာ ဘာဆူကီဂျာဟာရာပါနာမာ က အစ္စလာမ်ဘာသာအားစော်ကားသည်ဆို သောစွပ်စွဲချက်အား ငြင်းဆန်ချိန်၌ စိတ်မခိုင်ဘဲ ငိုကြွေးခဲ့ပါသည်။ ကိုရမ်ကျမ်းစာအပိုဒ်အား မမှန်မကန်အသုံးချ ကာသူ့အားတိုက်ခိုက်သောနိုင်ငံရေးသမားများကိုသာ ဦးတည်မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး ကိုရမ်ကျမ်းစာအပိုဒ်ကို စော်ကားလိုခြင်းမရှိခဲ့ကြောင်း မစ္စတာ ပါနာမာက အခိုင်အမာပြောကြားခဲ့ပါသည်။

မစ္စတာပါနာမာ ဟာ နှစ်ငါးဆယ်အတွင်းဂျာကာတာရဲ့ပထမဦးဆုံးသော မွတ်စလင်ဘာသာဝင်မဟုတ်သူ အုပ်ချုပ်ရေးမှူးဖြစ်ပါသည်။ အခုကိစ္စဟာ ကမ္ဘာ့အကြီးဆုံး မူစလင်အများစု   နေထိုင်ရာတိုင်းပြည်တစ်ခု အနေနဲ့ ဘာသာရေးနှင့် ပတ်သက်၍ သည်းခံခြင်းရှိမရှိ စမ်းသပ်မှုတစ်ခု အဖြစ်တွေ့မြင်နေရပါသည်။  

လာမည့်ဖေဖေါ်ဝါရီလတွင်ကျင်းပမယ့် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအား ရည်ရွယ်ကာ မွတ်စလင်များအား မွတ်စလင်မဟုတ်သူများက မအုပ်ချုပ်သင့်ဟု အဆိုပြုထားသော ကိုရမ်ကျမ်းစာအပိုဒ်အား မလျော်မကန်အသုံးချ ကာ အစ္စလာမ်ဘာသာအား မစ္စတာပါနာမာက စော်ကားခဲ့သည်ဟု တရားစစ်ဆေးမှုတွင် ကြားနာခဲ့ပါသည်။

အကယ်၍အပြစ်ရှိကြောင်းထင်ရှားပါက မစ္စတာပါနာမာဟာ အမြင့်ဆုံးငါးနှစ်အထိထောင်ချခံရမှာဖြစ်ပါသည်။ တိုတောင်းသော ကြားနာမှုအပြီး၌ တရားစစ်ဆေးမှုကို ဒီဇင်ဘာ၂၀ရက်နေ့အထိ   ရွှေ့ဆိုင်းလိုက်ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly