ထိုင်ဝမ်ကူမင်တန်ပါတီက လာမည့်သမ္မတရွေးကောက်ပွဲအတွက် အမျိုးသမီးတစ်ဦးကို ကိုယ်စားလှယ်လောင်း အဖြစ်ရွေးချယ်

ထိုင်ဝမ်ကူမင်တန်ပါတီက လာမည့်သမ္မတရွေးကောက်ပွဲအတွက် အမျိုးသမီးတစ်ဦးကို ကိုယ်စားလှယ်လောင်း အဖြစ်ရွေးချယ်

ထိုင်ဝမ်အုပ်ချုပ်ရေး ကူမင်တန်အစိုးရ KMTက ဇန်နဝါရီ သမ္မတရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသမီးတစ်ဦးကို ရွေးချယ်ထားရာ အဓိကပါတီကြီးနှစ်ခုကြား ပထမဆုံးအမျိုးသမီးနှစ်ဦး သမ္မတအဖြစ် ယှဉ်ပြိုင်အရွေးခံခြင်းဖြစ်သည်။

ကူမင်တန်အစိုးရက လက်ရှိလွှတ်တော်ဒုတိယဥက္ကဌဖြစ်သူ ဟန်ရှီချု Hung Hsui-chu ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဟန်ရှီချုအနေဖြင့် ပြိုင်ဖက် ဒီမိုကရက်တစ်တိုးတက်ရေး DPP ပါတီမှ အမျိုးသမီးတစ်ဦးဖြစ်သည့်Tsai Ing-wen နှင့် အကြိတ် အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်။

တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးသည်လည်း အဓိကစိန်ခေါ်မှု ပြဿနာတစ်ရပ်ဖြစ်လာနိုင်သည်။

အမျိုးသမီးတစ်ဦးကို သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းသည် ရာစုနှစ်ကျော်ရပ်တည်လာခဲ့သည့် ကူမင်တန်ပါတီအတွက် ပထမဆုံးရွေးချယ်ခြင်းဖြစ်သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သည့် ဟန်ရှီချုကို ထောက်ခံသူများက သမ္မတလောင်းအဖြစ် ကြိုဆိုကြသည်။

ရာထူးမှ စွန့်ရမည့် သမ္မတ မာယင်ကျု့က ပါတီဥက္ကဌအဖြစ်မှ နှုတ်ထွက်ခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ အပြောင်းအလဲများသည် မာယင်ကျု့၏ တရုတ်နှင့် နီးကပ်သည့် ဆက်ဆံရေးကို လျှော့ချပစ်ရန် လုပ်ဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ဖွယ်ရှိသည်။

Tsai Ing-wen က ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သော်လည်း အကြိုမဲရလဒ်များတွင် ရှေ့က ဦးဆောင်နေခဲ့ခြင်းဖြစ်သည်။

ထို့အတွက် ယခုရွေးကောက်ပွဲတွင် Tsai Ing-wen နှင့် ဟန်ရှီချုတို့ အမျိုးသမီးနှစ်ဦး ပါဝင်ယှဉ်ပြိုင်မှုကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုင်ဝမ်တွင် အမျိုးသမီးသမ္မတ မရှိခဲ့သေးပေ။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly