ဇန်နဝါရီအပြောင်းအရွှေ့တွင် လိုချင်သည့် ကစားသမားဝယ်ယူရန် မလွယ်ကူဟု ဂျာဂင်ကလော့ပ် ဆို

ဇန်နဝါရီအပြောင်းအရွှေ့တွင် လိုချင်သည့် ကစားသမားဝယ်ယူရန် မလွယ်ကူဟု ဂျာဂင်ကလော့ပ် ဆို

ဒီဇင်ဘာ ၁၃၊ အင်္ဂလန် ။           ။ ဒဏ်ရာပြဿနာများကြောင့် လီဗာပူးလ်အသင်းရုန်းကန်နေရကြောင်းနှင့် ဇန်နဝါရီအပြောင်းအရွှေ့တွင် လိုချင်သည့်ကစားသမား ၀ယ်ယူရန် မလွယ်ကူကြောင်း နည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်သည်။

လက်ရှိလီဗာပူးလ်အသင်းတွင် တိုက်စစ်ကစားသမားကော်တင်ဟိုမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေသလို စတူးရစ်ချ်မှာလည်း ခြေသလုံးဒဏ်ရာရရှိလျက်ရှိသည်။ ထို့အပြင် ကွင်းလယ်ကစားသမား အမ်မရီကန်၊ တိုက်စစ်မှူး ဒန်နီအင့််စ်တို့မှာလည်း ဒဏ်ရာရရှိလျက်ရှိနေကြသည်။ လယ်လာနာ၊ မာတစ်နှင့်ဖာမီနိုတို့မှာ ဒဏ်ရာမှ ပြန်လည်သက်သာလာကြသည်မှာ မကြာသေးပေ။

ထို့ကြောင့် လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က ယခုပုံစံအတိုင်း ရှေ့ဆက်နေပါက ဇန်နဝါရီတွင် နေရာစုံအတွက် ကစားသမားသစ် ၀ယ်ယူရန် ကြိုးပမ်းရလိ့မ်မည်ဟု ပြောသည်။

‘ဒီပုံစံအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဇန်နဝါရီမှာ ကစားသမားသစ်တွေဝယ်ဖို့ ရှာဖွေရပါတော့မယ်။ ဒါပေမဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်က ကစားသမားဝယ်ယူရတာ ခက်ပါတယ်။ ကိုယ်လိုချင်တဲ့ကစားသမားကို အခြားကလပ်အသင်းတွေက မရောင်းလိုကြပါဘူး။ ဒါက ငွေကြေးကြောင့်မဟုတ်ပါဘူး။ ကိုယ်မလိုချင်တဲ့ ကစားသမားမျိုးတွေပဲ ခေါ်ယူနိုင်ပါလိ့မ်မယ်’ ဟု ကလော့ပ်က ဆိုသည်။

လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်နောက်ဆုံးနှစ််ပွဲတွင် ဘုန်းမောက်ကို ရှုံးပြီး ၀က်စ်ဟမ်းနှင့် သရေကျခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly