ကိုုးတန်းကျောင်းသူ သားမယားပြုကျင့်ခံရမှုတွင် တရားလိုုသက်သေများကို ကာယကံရှင်မှ ငြင်းဆိုု

ကိုုးတန်းကျောင်းသူ သားမယားပြုကျင့်ခံရမှုတွင် တရားလိုုသက်သေများကို ကာယကံရှင်မှ ငြင်းဆိုု
 
 

အသက် ၁၅ နှစ်အရွယ် ကိုုးတန်းကျောင်းသူကိုု မူးယစ်ဆေးပါသည်ဟုု ယူဆရတဲ့ အချိုရည်တိုုက်ပြီး သားမယားပြုကျင့်ခဲ့သည့်အမှု အား ယနေ့ အနောက်ပိုုင်းခရိုုင်တရားရုံုးတွင် တရားလိုု အဆိုုပါကျောင်းသူမှ သက်သေထွက်ဆိုုမည်ဖြစ်ကာ ရဲဘက်မှတင်သွင်းသည့် သက်သေများအား လက်မခံကြောင်း သိရသည်။

တရားရုံုးသိုု့ ရဲဘက်မှ သက်သေအဖြစ် တရားခံ၏ မိခင်နှင့် အစ်မ၊ တည်းခိုုခန်းပိုုင်ရှင်နှင့်ဝန်ထမ်းများအား တရားလိုုသက်သေအဖြစ်တင်သွင်းထာခြင်းဖြစ်သည်။ တရားလိုုဘက်မှ ကာယကံရှင်နှင့် ကိုုသူ (ပရဟိတအသင်း)သာ သက်သေထွက်ဆိုုမည်ဖြစ်ပြီး အဆိုုပါ ရဲဘက်မှတင်ပြသော တရားလိုုသက်သေများအား လက်မခံနိုုင်သဖြင့် ဥပဒေရုံးသိုု့ ယနေ့ စာတင်ခဲ့ကြောင်းသိရသည်။ တရားလိုုသက်သေများအား  မပြောင်းလဲပေးပါက တရားရုံုးသိုု့ ယနေ့မလာရောက်နိုုင်ကြောင်း ကာယကံရှင်ဘက်မှသိရသည်။

ဖြစ်စဉ်မှာ အသက်၁၅ နှစ်အရွယ် ကိုုးတန်းကျောင်းသူကိုု တရားခံဟုု ယူဆရယူ သန်းကိုုကိုုမောင်ဆိုုသူက စက်တင်ဘာလ ၅ ရက်နေ့လည်ပိုုင်းက လှည်းတန်းစင်တာရှေ့တွင်ချိန်းဆိုုကာ လိမ္မော်ရည်တိုုက်ခဲ့ပြီး  အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုုကိုုအောင်အိမ်သိုု့ခေါ်ဆောင်သွားပြီး အဲဒီကမှတဆင့် တည်းခိုုခန်းသိုု့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

 မြောက်ဒဂုံုရှိတည်းခိုုခန်း မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တရားခံဟုုယူဆရသူမှာ မြောက်ဒဂုံု ၃၉ ရပ်ကွက်တွင်နေထိုုင်သူဖြစ်သည်။ တရားလိုု ကိုုးတန်းကျောင်းသူမှာ ကမာရွတ်တွင်နေထိုုင်ပြီး အဆိုုပါနှစ်ဦးမှာ အွန်လိုုင်းမှတဆင့်တွေ့ဆုံုခဲ့ခြင်းဖြစ်ကာ အမှုကိုု ကမာရွတ်ရဲစခန်းတွင်အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly