ဝေဖန်ရေးဆရာများ ရွေးချယ်ပေးအပ်သော Critics’s Choice ဆုကို La La Land ဇာတ်ကားမှ အများဆုံးရရှိ

ဝေဖန်ရေးဆရာများ ရွေးချယ်ပေးအပ်သော Critics’s Choice ဆုကို La La Land ဇာတ်ကားမှ အများဆုံးရရှိ

ဂီတဇာတ်မြူးရုပ်ရှင် La La Land ဟာ ဝေဖန်ရေးဆရာများရွေးချယ်ပေးအပ်သော Critics’s Choice အဓိက ဆုဖြစ်တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု အပါအဝင် ဆုပေါင်း၈ဆု ဆွတ်ခူးခဲ့ပါသည်။

အဆိုပါဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ Damien Chazelle က အကောင်းဆုံးဒါရိုက်တာဆုကိုရရှပေမယ့်လည်း ထိုကားထဲမှသရုပ်ဆောင်များဖြစ်သူ Ryan Gosling နဲ့ Emma Stone တို့ကတော့ သရုပ်ဆောင်ထူးချွန်ဆုနဲ့လွဲ ခဲ့ကြပါသည်။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Jackie ဇာတ်ကားထဲမှာ သမ္မတကတော် Jackie Kennedy အဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီး Natalie Portman ကရရှိခဲ့ပါသည်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင် ဆုကိုတော့ Manchester by the Sea ဇာတ်ကားထဲမှ မင်းသား Casey Affleck ကရရှိခဲ့ပါသည်။

အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုအတွက်ကိုတော့ La La Land ဇာတ်ကားမှ Chazelle နှင့် Machester by the Sea ဇာတ်ကားမှ Lonergan တို့ကပူးတွဲရရှိခဲ့ပါသည်။ အကောင်းဆုံးဓာတ်ပုံဆုကို ရရတဲ့ အချိန်မှာတော့ Chazelle က သူ့ရဲ့ဇာတ်ကားထဲမှ မင်းသားနဲ့မင်းသမီးဖြစ်သော Gosling နဲ့ Stone တို့ကိုဂုဏ်ပြုစကားပြော ကြားခဲ့ပါသည်။ La La Land ဇာတ်ကားဟာ အကောင်းသီချင်းဆု အပါအဝင် အခြားဆုပေါင်းများစွာကို ဆွတ်ခူးခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags