ဂရိဘဏ်များ သီတင်းသုံးပတ်ကြာ ပိတ်ထား ပြီးနောက်ပြန်လည် ဖွင့်လှစ်မည်

ဂရိဘဏ်များ သီတင်းသုံးပတ်ကြာ ပိတ်ထား ပြီးနောက်ပြန်လည် ဖွင့်လှစ်မည်

ဂရိနိုင်ငံတွင် နိုင်ငံ၏ ကြွေးမြီပြဿနာကြောင့် သီတင်းသုံးပတ်ကြာ ပိတ်ထားခဲ့ရသည့် ဘဏ်များပြန်လည် ဖွင့်လှစ်တော့ မည်ဖြစ် သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဂရိနိုင်ငံက နိုင်ငံတကာကြွေးရှင်များနှင့် သဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပိတ်ထား ခဲ့ရသည့် ဘဏ်များကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နိုင်ခြင်းဖြစ်သည်။

ဂရိနိုင်ငံ ယူရိုဇုန်အတွင်းမှ မထွက်သွားရေးအတွက် နိုင်ငံပြန်လည်ထူထောင်ရေးချေးငွေ သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ် သည်။

သို့သော်လည်း သဘောတူညီမှုအတွင်း အကန့်အသတ်စည်းကြပ်မှုများရှိနေဆဲဖြစ်ပြီး ဂရိနိုင်ငံမှာလည်း နိုင်ငံတွင်း ကုန်စည်ဈေးနှုန်း များမြင့်တက်နေခြင်းနှင့် ရင်ဆိုင်နေရသည်။

ထိုစဉ်အတောအတွင်း ဂျာမနီနိုင်ငံက ဂရိနိုင်ငံအတွက် ထောက်ပံ့ရေးချေးငွေများ ချထားပေးရေးကို စဉ်းစားသုံးသပ် မည်ဖြစ်ကြောင်းပြောကြား ထားသည်။

ယခုအခါ ဂရိဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ စီးပွားရေးအလား အလာကောင်းရိပ်ပြ သကဲ့သို့ရှိ လာသော်လည်း ရေရှည်ပြဿနာ များက  ကျန်ရှိနေဆဲပင်ဖြစ်သည်။

အလုပ်လက်မဲ့နှုန်းထားက မြင့်မားနေဆဲဖြစ်သည်။ ဂရိစီးပွားရေးကျဆင်းမှုက သမိုင်းတွင် စီးပွားရေးကျဆင်းမှု ပြဿနာဖြစ်နေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly