အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (အပိုင်း ၂)

12 December 2016
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (အပိုင်း ၂)
 

မပျိုးလက်ဟန်

Rainfall Gender Studies Organization

အန်တီရေ ခုနက ဆရာမ နော်သဝါးလည်း ပြောသွားတယ်ပေါ့နော်။ အစိုးရကတော့ ဆောင်ရွက်နေတာတွေရှိတယ်၊ စီမံကိန်းတွေလည်း ရှိတယ်ပေ့ါ အန်တီက တကယ့်ကို လက်တွေ့ ကွင်းဆင်းပြီးတော့ သွားနေတယ်ဆိုတော့ အန်တီတို့ Win-Win အနေနဲ့ရော အမျိုးသမီးတွေ ကျန်းမာရေးဆောင်ရွက်တဲ့အခါမှာ ဘာအခက်အခဲတွေရှိတယ်။ တကယ့်ကို ရပ်ထဲရွာထဲမှာ အမျိုးသမီးတွေရဲ့ တကယ့် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့မှ အခြေအနေတွေ အခက်အခဲတွေကရော ဘာတွေများလဲရှင့်။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

တကယ်တမ်းပြောရရင် အန်တီတို့သွားတဲ့ဒေသတွေမှာ အမျိုးသမီးတော်တော်များများက ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာလုံးဝ မရှိဘူး။ နောက်ပြီးတော့ မျိုးဆက်ပွား သားဆက်ခြားတာတွေနဲ့ ပတ်သက်ပြီးတော့ အသိပညာမရှိဘူး။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဒါ သဘာဝပဲပေါ့။ အဲဒီအတွက်ကြောင့် သူတို့သည် ဘာမှ ထူးပြီးတော့ မသိဘူး။ မိသားစုနဲ့ပတ်သက်ပြီးတော့လည်း အမျိုးသမီး တစ်ယောက်က အသက် ၄၀ မှာ ကလေးက ၁၂ ယောက်လောက် မွေးထားပြီးပြီ။ သူရပ်ချင်တယ် မမွေးချင်တော့ဘူး။ ဒါပေမယ့် ဒါကြီးကို သူ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ သူ့ရဲ့ခန်ပွန်းသည် သူ့ရဲ့မိခင်   ယောက္ခမက ဆက်မွေးရမယ်ဆိုရင်တော့ သူသည် အမှန်တကယ် သူ့ကို ကျန်းမာရေး ဆေးစစ်ချက်အရ သာအိမ်အားဖြင့်သော်လည်ကောင်း ကိုယ်ဝန်ဆောင်ဖို့ မသင့်တော့ဘူးဆိုတာ အန်တီတို့သိတယ်။ တားတယ်။ ဒါပေမယ့် သူ နားမထောင်ဘူးပေါ့။ နားထောင်ခွင့်လညး် မရှိဘူး။ သူ့ကိုယ်သူ ဆုံးဖြတ်ရမယ်ဆိုတဲ့ သူ့ရဲ့ Right ကိုလည်း သူမသိဘူး။ အဲလိုမျိုးတွေ တွေ့ရတာပေါ့နော်။

နောက် ဒုတိယအချက်ကကျတော့ အန်တီတို့ သွားတဲ့ဒေသတွေမှာ မီးကောင်ပေါက်တွေပေါ့။ မီးကောင်ပေါက်တွေအတွက် သူတို့မှာ အသိပညာတွေ မရှိဘူးပေါ့။ မရှိတဲ့အခါ ကလေးက ကလေးကို   မွေးတာပေါ့။ အဲလိုမျိုးကဏ္ဍတွေလည်း တွေ့ရတယ်ပေါ့။ ဒီ မီးကောင်ပေါက်တွေနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေ ဗဟုသုတသင်တန်းတွေ ပေးဖို့က အရမး်အားနည်းတာကိုတွေ့တယ်။ ဒီဟာကို ဦးတည်ပြီးလုပ်တဲ့အဖွဲ့က မရှိသလောက်ကို နည်းတယ်။ မရှိဘူးတော့ မဟုတ်ဘူးပေါ့ နည်းတယ်။ အန်တီတို့ကတော့ စွမ်းနိုင်သလောက်တော့ လုပ်တာပေါ့။ ဒါပေမယ့် အန်တီတို့သည် သာမာန် ပရဟိတအဖွဲ့ဖြစ်တဲ့အတွက် အန်တီတို့ လုပ်သွားတယ်။ နောက်ပြီးတော့ အန်တီတို့မှာ အမြဲတမ်းဝန်ထမ်း မရှိတဲ့အတွက် မလုပ်နိုင်ဘူးပေါ့။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

စောင့်ကြည့်လေ့လာဖို့အတွက် လုပ်ဖို့အတွက်က အန်တီတို့အနေနဲ့က အကန့်အသတ်တွေရှိတာပေါ့နော်။ အဲဒီတော့ တကယ့်ကို ရပ်ထဲရွာထဲက အမျိုးသမီးတွေအတွက်တော့ သူတို့မှာ အခက်အခဲ   တွေတော့ ရှိနေတယ်ပေါ့။ ခုနက အန်တီပြောသလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးတော့ အသိပညာနည်းတာတို့က ခုနက အန်တီပြောတဲ့ ကျားမတန်းတူညီမျှရေးပေါ့နော် ဒါတွေမရှိတဲ့ အတွက်ကြောင့်မို့ အမျိုးသမီးတွေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရကြဘူးပေါ့။ ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ ဘယ်အချိန်မှာ သားဆက်ခြားရမယ် ဘယ်အချိန်မှာ ဘာလုပ်ရမယ် စသဖြင့်ပေါ့ ............

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

ဟုတ်တယ် အဲဒါက တော်တော်များများမှာပေါ့။ နောက်ပြီးတော့ HIV နဲ့ ပတ်သက်ပြီးတော့ အန်တီတို့ ဘာတွေတွေ့ရလဲဆိုတော့ အမျိုးသမီးတော်တော်များများက သူတို့ခင်ပွန်းတွေက ရွေ့ပြောင်းလုပ်သားတွေလေ အဲဒီအခါကျတော့ အဲဒီခင်ပွန်းတွေကနေတဆင့် သူတို့တွေ ကူးစက်တယ်။ ကူးစက်တဲ့အခါမှာ သူတို့ ကူးလာကောင်းမှန်းလည်း မသိဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ဒီရောဂါရှိတယ်ဆိုတာ ပေါ်လာရင် ဝိုင်းဝန်းပံ့ပိုးဖို့ ART တွေဘာတွေရတယ်။ ဒါပေမယ့် သူတို့နေတဲ့ဒေသနဲ့ ART ထုတ်ရတဲ့ ဒေသနဲ့က အရမ်းဝေးတဲ့အခါမှာ သူတို့မှာ တစ်အချက်ပေါ့ ခရီးစရိတ် အခက်အခဲဖြစ်တယ်။ နောက်ပြီး သူတို့ ခရီးစရိတ်မရှိ၇င် သူတို့ မသွားဘူး။ နောက်တစ်ချက်က အမျိုးသမီးတွေဘက်က မြန်မာ့ယဉ်ကျေးမှုအရ ကာမပိုင်ဆိုတဲ့ စကားတစ်ခွန်းနဲ့ သူတို့မှာ ငြင်းဆန်ပိုင်ခွင့်မရှိဘူး။ မရှိတဲ့အခါမှာ သူတို့ဘာဖြစ်လဲဆိုတော့ အကာအကွယ်လည်း သုံးပိုင်ခွင့်မရှိဘူး။ ခင်ပွန်းသည်အလိုကျပေါ့နော်။ အဲလိုမျိုးနေရတဲ့အခါမှာ သူတို့မှာ မကူးစက်သင့်ပဲနဲ့ ရောဂါတွေကူးစက်တယ်။ မသေသင့်ပဲသေတယ်။ သားသမီးတွေပါ ဖြစ်တတ််တယ်ပေါ့နော်။ အဲဒီကဏ္ဍတွေက သူတို့မှာ အမျိုးသမီးတွေ ကြံုတွေ့နေရတဲ့ အခက်အခဲတွေပေါ့။ ဖြစ်တဲ့နေရာတွေကလည်း တကယ့်ကို ပြောရရင်တော့ မြို့နဲ့တော့ သိပ်အလှမ်းမဝေးပါဘူး ဒါပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ ဒေသတွေပေါ့။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဆေးခန်းတွေ ဆေးရုံတွေရဲ့ အခြေအနေတွေကရော ဘယ်လိုများရှိလဲ..........

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အန်တီတို့သွားတဲ့ဒေသတွေမှာတော့ ဆေးရုံဆေးခန်းက မရှိဘူးပေါ့။ သူတို့နဲ့ တော်တော်လေးသွားရတဲ့နေရာတွေမှာပဲ ရှိတယ်ပေါ့။ ကုတင် ၁၀၀ ဆေးရုံတို့ဘာတို့ပေါ့။ ဒါပေမယ့် အဲဒီမှာလည်း တချို့နေရာတွေမှာ သူတို့ရဲ့အခက်အခဲကို ပြောရရင်တော့ သူတို့သည် တစ်အချက် ငွေလုံလောက်မှု မရှိဘူးပေါ့။ နှစ်အချက်က ဘယ်လိုသွားပြီး ဘယ်လိုဆက်သွယ်ရမှန်း မသိဘူး။ အဲတော့ သူတို့က ဆေးရုံဆေးခန်းဆိုတာက သူတို့အတွက် အလှမ်းဝေးတယ်ပေါ့။ နောက်ဆုံး အန်တီတို့က သူတို့ဖြစ်တဲ့ရောဂါ အန်တီတို့ ဆေးခနး်သွားတဲ့အချိန်မှာ ရောဂါကြီးကြီးမားမားဖြစ်လို့ရှိရင် တစ်အချက် ငွေကြေးအခက်အခဲကြောင့် သူတို့ မသွားဘူး အသေခံမယ်။ အဲတော့ အန်တီတို့က နောက်ဆုံး ဘယ်လိုလုပ်ရလဲဆိုတော့ ပေးမယ် သွားပါ အန်တီတို့ဘာသာ အန်တီတို့ဆရာဝန်တွေနဲ့ ချိတ်ဆက်ပေးပြီး နောက်ဆုံး စောင့်တဲ့သူအတွက် ထမင်းစရိတ်က အန်တီတို့က ထောက်ပံ့ပေးရတယ်။ ဒါပေမယ့် အဲဒီအတိုင်းအတာတစ်ခုသည် အန်တီတို့အနေနဲ့ အနည်းအကျဉ်းပဲ လုပ်နိုင်မှာလေ။ တကယ်တမ်းတော့ အမျိုးသမီးထုရဲ့ ကျန်းမာရေးဆိုတာက နိုင်ငံတော်နဲ့ ဆိုင်တာပေါ့။ အန်တီတို့လိုအဖွဲ့တွေက ကိုယ်သွားတဲ့တစ်နေရာအတွက် တစ်နိုင်တစ်ပိုင်ပဲ လုပ်နိုင်တာပေါ့နော်။ အန်တီကတော့ ဒီဟာကို စီမံကိန်းနဲ့ လုပ်စေချင်တယ်ပေါ့။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ညီမလေးတို့ အမျိုးသမီးအဖွဲ့အနေနဲလည်း WON အနေနဲ့လည်း လုပ်နေတာတွေ ရှိနေတယ်ဆိုတော့ ခုနကပြောတဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာရော ညီမလေးတို့ကတော့ များသောအားဖြင့် ရပ်ရွာနဲ့ ပိုပြီးတော့မှ နီးစပ်တယ်ပေါ့နော်။ အဲဒီတော့ ရပ်ရွာနဲ့ပတ်သက်ပြီးတော့ရော အခက်အခဲတွေ သူတို့ရဲ့အခက်အခဲတွေ ညီမတို့ရဲ့ အခက်အခဲတွေ ရှိလဲ။ နောက်ပြီးတော့ရော ဘယ်လိုအခက်အခဲတွေ ထပ်ပြီးတော့ ကြံုတွေရသေးလဲ။

မမဥ္ဇူ (စီမံကိန်းဆိုင်ရာ မန်နေဂျာ)

အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)

အခက်အခဲလို့ပြောလိုက်ရင်တော့ ကျွန်မတို့ နှစ်ဖွဲ့စလုံးမှာတော့ အခက်အခဲတွေ အများကြီးပဲပေါ့။ ကျွန်မတို့ဒီ နက်ဘောဆိုတဲ့ နိုင်ငံတော်အဆင့်မီ စီမံကိနး်ကြီးကို ကျွန်မတို့ DSW နဲ့ အစိုးရအဖွဲ့အစည်းတွေ ကျွန်မတို့ DSO တော်တော်များများနဲ့ ကျွန်မတို့ အတူတကွ ရေးဆွဲပြီးတော့ လုပ်ခဲ့တာပေါ့နော်။ ဒါပေမယ့် အဲဒီစီမံကိန်း အရမ်းကောင်းတယ်ပေါ့။ အမျိုးသမီးတွေအတွက်ကိုလည်း အကုန်လုံး ကဏ္ဍစုံ ၁၂ ရပ်လုံး အမျိုးသမီးပညာရေး ကျန်းမာရေး ကလေးတွေအတွက်ကစ ကျွန်မတို့ ထည့်သွင်းစဉ်းစားထားတယ်ပေါ့နော်။ အဲဒီလောက်ထိ ကောင်းတဲ့ဟာတွေထဲမှာ ဒါပေမယ့် ကျွန်မတို့က အမြဲတမ်းလိုလို ကွင်းဆင်းတယ် နေရာတိုင်းမှာ ကျွန်မတို့က ဒီအတိုင်း ပြန်မလာဘူး Information တွေပေးတယ်ဆိုရင်လည်း ကျွန်မတို့က သုတေသနတွေကို အမြဲတမ်း လုပ်ခဲ့ပါတယ်။ လုပ်တဲ့နေရာမှာလည်း နက်ဘောနဲ့ ပတ်သက်ပြီးတော့ ကဏ္ဍ ၁၂ ရပ်စလုံးက အမျိုးသမီးတစ်ယောက်နဲ့ ကဏ္ဍ ၁၂ ရပ်စလုံးက ချိတ်ဆက်နေတာပေါ့နော်။ အမျိုးသမီးတစ်ယောက်နဲ့ ၁၀ ခုပဲချိတ်မယ်ဆိုတာ မရှိဘူး။ အားလုံးက ချိတ်နေတာဆိုတဲ့အခါကျတော့ ဒီ အျိုးသမီးတစ်ယောက်လေးကို ကြည့်လိုက်တယ်ဆိုရင်ပဲ ကျွန်မတို့သွားတဲ့ Free Area တွေဆိုရင် ဝေးလံခေါင်ဖျားပါတယ်။ ဟိုး ချင်းတောင်မှာ ရှိနေတဲ့ တီးတိမ်ဘက်မှာ ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် အဲဒီတစ်ယောက်ကိုပဲ စံနမူနာထားလိုက် သူ့မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စံနမူနာ ဘာမှမရှိဘူး။ ၁၂ နှစ်ဆိုတာနဲ့ သူတို့က အိမ်ထောင်ကျပြီ ခုနက အန်တီပြောသလိုမျိုးပေါ့။ ပညာရေးဆိုတာ သူက ပိုဆိုးသွားပြီ ဘာမှမသိဘူးပေါ့။ အဲတော့ ရှေ့ဆက်ပြီးတော့ သူ့မှာ ဘာဗဟုသုတမှ မရှိ်ဘူး။ အခြား ဗဟုသုတပညာလည်း ဘာမှမရှိဘူး အဲဒီအပြင်ကို ဒီလိုမျိုး အိမ်ထောင်ကျသွားပြီဆိုရင် သူ့ရဲ့စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ ပြီးတဲ့အပြင် ကျွန်မတို့တွေ အမျိုးသမီးတွေကို ဥပမာ ကျွန်မတို့သွားတဲ့အချိန်မှာ ဘာတွေ့ရလည်းဆိုရင် သူတို့က ချင်း အက်ဥပဒေနဲ့ပဲ တိုငး်တယ်။ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အမျိုသမီးဥပဒေကို သူတို့က ဘာပြောလဲဆိုရင် ငါက မြန်မာနိုင်ငံကလာတာ သူတို့က ချင်းနိုင်ငံ သူတို့ရဲ့ ဥပဒေ ထုံးတမ်းတွေနဲ့ပဲ လုပ်တဲ့အခါကျတော့ ကျွန်မတို့က အဲဒါလေးကို စိုးရိမ်စရာလေးတွေ တွေ့လာတယ်ပေါ့။ အမျိုးသမီးတွေအတွက် ထိခိုက်နစ်နာမှုတွေ အများကြီဖြစ်လာတယ်။ အဲဒီမှာ ကျွန်မတို့ ဘာသွားတွေ့လဲဆိုတော့ သူတို့တွေကို ကျွန်မတို့ ဘယ်လောက်ပဲ နက်ဘောဆိုတာ အမျိုးသမီးတွေကို ကာကွယ်ထားနိုင်တဲ့ အများကြီးထွက်လာအောင် လုပ်လို့ရတယ်။ အဲဒီအပေါ်မှာ ကျွန်မတို့ မှီပြီးတော့ ဆီဒေါနဲ့ သဟဇာတဖြစ်တဲ့ အမျိုးသမီးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဥပဒေမျိုးတွေ ကျွန်မတို့ မြန်မာနိုင်ငံတော်အဆင့်က ထုတ်ပြန်ပေးနိုင်ရင် ပိုကောင်းမယ်ပေါ့။ ကျွန်မတို့ အဲဒီအတွက် DSW နဲ့ ပြန်လည်ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုတွေ လျော့နည်းအောင် ဥပဒေတွေ တင်သွင်းတယ်ပေါ့နော်။

အဲလိုမျိုးမှာ ကျွန်မတို့ ပြန်လည်လေ့လာမိတဲ့ အခက်အခဲပေါ့ အခက်အခဲတွေ ဘာတွေရင်ဆိုင်ရလဲဆိုတဲ့အခါကျတော့ ကွင်းထဲဆင်းသွားတယ် ကွန်မြူနတီကိုပြောမယ်။ ကွန်မြူနတီကိုပြောရင် ကျွန်မတို့က သူတို့မှာက အချိန်မရှိဘူး။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် သူူတို့ရဲ့ဘဝအတွက် သူတို့က အချိန်ပေးရမယ်။ အဲဒီအခါမှာ ကျွန်မတို့တွေက မြို့နယ်လူကြီးတွေနဲ့ အရင်တွေ့ရတယ်။ သွားပြောရတယ်။ မြို့နယ်လူကြီးတွေက ဘာတင်မှာလည်း မေးတယ်။ အဲဒီအခါကျရင် ကျွန်မတို့က ဒါ အသိပညာပေး ဟောပြောပွဲ လာလုပ်တာပါ။ အမျိုးသမီးအကြောင်းလုပ်မှာ အမျိုးသမီးအကြောင်း ဆိုတာက လုပ်ဖို့လိုလို့လားတဲ့။ ဆီဒေါအကြောင်း ပြောမှာပါဆိုတော့ ဆီဒေါဆိုတာ ဘာလဲတဲ့ မသိဘူးတဲ့ နက်ဘော ဘာနက်ဘောလဲတဲ့။ မသိဘူးတဲ့ အဲလိုမျိုးပြောတယ်ပေါ့နော်။ ဆိုတော့ ကျွန်မတို့ အဲဒီမှာ သွားတွေ့ရတဲ့ အခက်အခဲက အဓိကက အစိုးရတစ်ရပ် ကျွန်မတို့ CSO တွေအနေနဲ့ဆိုရင် ကွန်မြူနတီအားလုံးကို ဘယ်လိုပြောမလဲ အသိပညာပေးတာတွေ လုပ်လို့ရတယ် လွယ်လင့်တကူလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်မတို့က နိုင်ငံတော် အစိုးရတစ်ရပ်ကနေပြီးတော့ ခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကိုကျတော့ ကျွန်မတို့က အသိပညာပေးဖို့အတွက်ကျတော့ ကျွန်မတို့မှာ အဆင့်ဆင့် အခက်အခဲတွေ တွေ့ရတယ်ပေါ့နော်။ သူတို့ကို ကျွန်မတို့ ဖိတ်ကြားပြီးတော့ အရင်ပေးမယ်လို့ လုပ်လိုက်ပြန်ရင်လည်း ဘာပြန်တွေ့လဲဆိုတော့ ကျွန်တော်တို့က တာဝန်နဲ့ ဝတ္တရားနဲ့ အချိန်မပေးနိုင်လို့ပါ အဲတော့ အပေါ်ကိုစာတင်ပါ အဲဒီအပေါ်ကိုတင်ပါ အပေါ်ကနေ အပေါ်ဆုံးကို ရောက်အောင်ပေါ့ အဲလိုမျိုးတွေနဲ့ ကျွန်မတို့က သံသရာလည်နေတာပေါ့နော်။ အဲဒါ ဟိုဘက်နဲ့ဒီဘက် အခက်အခဲတွေပေါ့နော်။

အပိုင်း(၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21122

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly