အင်ဒိုနီရှား၌ သမ္မတနန်းတော်ကို အသေခံဗုံးခွဲရန် ကြံသည့် အမျိုးသမီးအား ဖမ်းမိ

အင်ဒိုနီရှား၌ သမ္မတနန်းတော်ကို အသေခံဗုံးခွဲရန် ကြံသည့် အမျိုးသမီးအား ဖမ်းမိ

ဂျကာတာ၊ ဒီဇင်ဘာ ၁၂ ။                      ။ အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတနန်းတော်ကို ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင်သော အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးနိုင်ပြီး ၎င်းကိုယ်တိုင်ကာ အသေခံဗုံးခွဲရန် ကြံစည်စီစဉ်ထားသည်ဟု ဝန်ခံကြောင်း ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်၌ ပြောသည်။

“သူက သတို့သမီးတစ်ယောက်ဖြစ်ပါလိမ့်မယ်။”ဟု အသေခံဗုံးခွဲသူများနှင့် ပတ်သက်ပြီး အစ္စလာမ်အစွန်းရောက်များကြား ရည်ညွန်းဖော်ပြလေ့ရှိသည့် အသုံးအနှုန်းဖြင့် အမျိုးသားရဲဌာနပြောရေးဆိုခွင့်ရှိသူ အဝီဆတ်တီယိုနိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အကယ်၍ တိုက်ခိုက်မှု စီစဉ်ထားသည့် အတိုင်း ထမြောက်ခဲ့ပါက ၎င်းသည် အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးအသေခံဗုံးခွဲသည့် အမျိုးသမီးဖြစ်လာမည်ဖြစ်သည်။

ဒီအန်းယူလိုင်ယာဟု ပြောသော အဆိုပါ အမျိးသမီးသည် အင်ဒိုနီးရှားတွင် အိုင်အက်စ်ထောက်ခံသူတစ်ဦးဖြစ်ပြီး လက်ရှိဆီးရီးယားတွင် အခြေစိုက်နေသည့် ဘာဟရန်နိုင်းနှင့် ကြိမ်ဖန်များစွာ ဆက်သွယ်မှု ရှိကြောင်း အဝီက ပြောသည်။

“ဘာဟရန်ထံကနေ သူက နေ့စဉ်အသုံးစရိတ်အဖြစ် ရူပယ် တစ်သန်း(အမေရိကန်ဒေါ်လာ ရ၅ ဒေါ်လာခန့်)ကို ထောက်ပ့ံရရှိတယ်။”ဟု ၎င်းကဆိုသည်။

၎င်းက မိဘဖြစ်သူများထံသို့ နှုတ်ဆက်စာရေးသားခဲ့ကြောင်း၊ စာတွင် ၎င်းအနေဖြင့် amaliyah (အာရဗီစကားအရ တိုက်ခိုက်မှု ကျုးလွန်သည် အဓိပ္ပာယ်ရ) လုပ်ဆောင်တော့မည်ဟု ရေးသားထားကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly