ဖက်ရှင်ဆိုင် အဝတ်လဲခန်း လိင်ဗွီဒီယိုနှင့် ပတ်သက်၍ လူ၅ဦးကို တရုတ်ဖမ်းဆီး

ဖက်ရှင်ဆိုင် အဝတ်လဲခန်း လိင်ဗွီဒီယိုနှင့် ပတ်သက်၍ လူ၅ဦးကို တရုတ်ဖမ်းဆီး

ပေကျင်း၊ ဇူလိုင်-၁၉ ။     ။ တရုတ်နိုင်ငံ အင်တာနက်ပေါ်တွင် အုတ်အော်သောင်းသင်းဖြစ် သွားခဲ့ရသည့်ပေကျင်း ဖက်ရှင်ဆိုင် တစ်ခုတွင်ရိုက်ယူထားခဲ့သော လိင်ဗွီဒီယိုနှင့်ပတ်သက်၍ လူငယ်စုံတွဲတစ်တွဲအပါအဝင် လူ၅ဦးကို တရုတ်ရဲက ဖမ်းဆီးထိန်းသိမ်း ခဲ့သည်ဟု ဇူလိုင် ၁၉ရက်နေ့က မီဒီယာ သတင်းများတွင် ဖော်ပြခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် ပေကျင်းမြို့တော်ရှိ အူနစ်ကလို (Uniqlo) အဝတ်လဲခန်းထဲတွင် အဝတ်အစား ဝတ်ထားသေး သည့်အမျိုးသားနှင့် အဝတ်ဗလာ ကိုယ်လုံးတီးအမျိုးသမီးတို့ နှီးနှောနေဟန်ဖော်ပြသည့် ဗွီဒီယိုကို ရိုက်ကူးခဲ့သည်ဟု ယူဆရသည့် လူငယ်စုံတွဲလည်း ပါဝင်နေသည်ဟု ဆိုသည်။

ထိုဗွီဒီယိုကလစ်မှာ တရုတ်၏ တွတ်တာပုံစံ လူမှုကွန်ရက် ဝေးဘို (Weibo)နှင့် မိုဘိုင်းမက်ဆေ့ချ်ဝန်ဆောင်မှု WeChat များသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူပေါင်းများစွာက ဖက်ရှင်ဆိုင်ကို နောခံထား၍ ပုံများ ရိုက်တင်လာကြာကာ၊ အချို့ကဆိုလျှင် ဗွီဒီယိုထဲ ကအတိုင်း ကိုယ်ဟန်ကို တုပထားကြသည်ဟု ဆိုသည်။ ဗွီဒီယို အင်တာနက်ပေါ် ပျံ့နှံ့သွားပြီး နာရီပိုင်းအကြာတွင် ရဲက ထိုစုံတွဲ ကို ဇူလိုင်လ ၁၆ရက်နေ့ညက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အမျိုးသား၊ အမျိုးသမီးစုံတွဲအပါအဝင် လူ၅ဦးကို ရဲက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ရဲက ဤအမှုကို စုံစမ်းစစ်ဆေးရာတွင် မလိုလားအပ်ဖွယ် ဗွီဒီယိုကို မည်သူ ထုတ်လုပ်သည်နှင့် လုပ်ငန်းက နာမည်ကြီးအောင် လုပ်ဆောင်သည့် ဥပမာလားဆိုသည့် အပိုင်းနှစ်ပိုင်းခွဲခြား၍ စဉ်းစားခဲ့သည်ဟု ဆိုသည်။

တရုတ်၏ အွန်လိုင်းကွပ်ကဲရေးအဖွဲ့အစည်းကြီးဖြစ်သည့် Cyberspace Administration of China (CAC)ကမူ ဤကဲ့သို့သော လိင်ဗွီဒီယိုခွေကို ဖြန့်ဝေမှုမှာ ဆိုရှယ်လစ် အနှစ်သာရ တန်ဖိုးများနှင့် ဆန့်ကျင်သွေဖီနေသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly