သူမ၏ မရိုသေမလေးစားသောအပြုအမူအတွက် ဟာဝါအီလူမျိုးများအား ဂျနီဖာလောရင့်စ် တောင်းပန်

သူမ၏ မရိုသေမလေးစားသောအပြုအမူအတွက် ဟာဝါအီလူမျိုးများအား ဂျနီဖာလောရင့်စ် တောင်းပန်

နာမည်ကျော် အမေရိကန်မင်းသမီး ဂျနီဖာလောရင့်စ်ဟာ ဟာဝါအီလူမျိုးများ အထွဋ်အမြတ်ထားသော ကျောက်တုံးနှင့် သူမ၏ တင်ပါးကိုပွတ်သပ်ခဲ့ကြောင်းကို   ပြောပြခဲ့ပြီးနောက်   ပြန်လည်တောင်းပန်ခဲ့ပါသည်။

သူမဟာ ဟာဝါအီလူမျိုးများအပေါ် တကယ့်ကို မရိုမသေမလေးမစား ပြုမူခဲ့မိပါတယ်လို့ ဂျနီဖာက သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ တောင်းပန်ရေးသားခဲ့ပါသည်။ ကျမက ဟာသတစ်ခုအနေနဲ့ပြောခဲ့တာဖြစ်ပေမယ့် အဲ့ဒီ့အပြုအမူကြောင့် ဘယ်သူ့ကိုမဆိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့မယ်ဆိုရင် အနူးအညွတ်တောင်းပန်ပါ တယ်လို့ ဂျနီဖာက ပြောခဲ့ပါသည်။

ဒီအဖြစ်အပျက်ဟာ သူမ The Hunger Games ရုပ်ရှင်ဇာတ်ကားကို အမေရိကန်၌ ရိုက်ကူးနေစဉ်အတော အတွင်းမှာ ဖြစ်ပျက်ခဲ့တာပါလို့ ဂျနီဖာဟာ ဘီဘီစီရဲ့ The Graham Norton Show မှာ ပြောပြခဲ့ပါသည်။

အထွဋ်အမြတ်ထားသော ကျောက်တုံးတွေရှိတဲ့နေရာမှာ ရိုက်ကွင်းတည်ခဲ့တုန်းက သူမဒီလို ပြုမူခဲ့တာပါလို့ ဆက်ပြောခဲ့ပါသည်။ ဒါကြောင့်သူမဟာ လူအများရဲ့တုံ့ပြန်ခြင်းကိုခံခဲ့ရပြီး ဒီအစီအစဉ်ကိုကြည့်ရှုနေသူများက လည်းတောင်းပန်ရန်တောင်းဆိုခဲ့ကြပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly