Hyde ပန်းခြံမှာကျင်းပမည့် BST ပွဲတော်၌ဖျော်ဖြေမည်ဟု ဂျက်စတင်ဘီဘာကြေညာ

Hyde ပန်းခြံမှာကျင်းပမည့် BST ပွဲတော်၌ဖျော်ဖြေမည်ဟု ဂျက်စတင်ဘီဘာကြေညာ

နာမည်ကျော်ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲဖြစ်တဲ့ Purpose ဟာ Hyde ပန်းခြံမှာကျင်းပမည့် ဗြိတိန်နွေရာသီဂီတပွဲတော်(BST) သို့ ရောက်ရှိလာမည့် အကြောင်းကိုကြေညာခဲ့ပါသည်။

အခုဆိုရင် ဂျက်စတင်ဘီဘာဟာ ၂၀၁၇ ဂျူလိုင်လ ၂ရက်နေ့မှာ ပရိတ်သတ်ပေါင်း ၆၅၀၀၀လောက်ရှိမည့် လဟာပြင်ဇာတ်ခုံကြီးရှေ့မှောက်မှာ ဖျော်ဖြေရမည်ဖြစ်ပါသည်။ ဒါ့အပြင်သူဟာ ၂၀၁၇ ဂျွန်လ၃၀ရက်နေ့မှာ ကာဒစ်အားကစားကွင်း၌လည်း ဖျော်ဖြေမည့်အကြောင်းကြေညာခဲ့ပါသည်။ ဂျက်စတင်ဟာဒီသတင်းကိုသူ့ရဲ့ Sorry သီချင်းဟာ ၂၀၁၆ခုနှစ်အတွက် အင်တာနက်မှ ထုတ်လွှင့်ပေးမှု အများဆုံးဆုကို ရရှိခဲ့အပြီးမှာ ကြေညာခဲ့ တာဖြစ်ပါသည်။

ဂျက်စတင်ဟာ ဂရမ်မီဆုပေးပွဲမှာလည်း တစ်နှစ်တာအကောင်းဆုံးသီချင်းအယ်လ်ဘမ်ဆုအပါအဝင်ဆုပေါင်းရ ဆုအတွက်လျာထားခြင်းခံထားရပါသည်။

 

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly