အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ။                   ။ နိုင်ငံအား စီမံအုပ်ချုပ်မှုတွင် ပျက်ယွင်းဖြစ်စေပြီး ထိုင်းနိုင်ငံ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ပြည်သူ့အသုံးစရိတ်များတွင် ထိခိုက်မှုဖြစ်စေသော အကျင့်ပျက် အဂတိခြစားမှုများကို တိုက်ဖျက်ရာတွင် အားလုံးက ပါဝင်ကြရန် ဝန်ကြီးချုပ် ချန်အိုချာက တိုက်တွန်းပြောဆိုသည်။

အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံတော် ဘတ်ဂျတ်ကို အကျိုးရှိရှိ သုံးစွဲနိုင်ခြင်း မရှိဖြစ်ရကာ ပြည်သူ့အသုံးစရိတ်များမှ အကျိုးအမြတ်ကို ပြည်သူတို့က ဆုံးရှုံးရကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ချန်အိုချာက ပြောသည်။

မာဟီဒေါတက္ကသိုလ်တွင် ပြုလုပ်သည့် အခမ်းအနားကို ဝန်ကြီးချုပ်က ဦးဆောင်ကာ အဂတိခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုသည်။

အဆိုပါ အခမ်းအနားသို့ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများနှင့် နိုင်ငံခြားသံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။

“အကျင့်ပျက်ခြစားမှုပြဿနာများကို နားလည်သတိရှိဖို့က ထိုင်းပြည်သူတွေကြားမှာ အလွန်အရေးကြီးပါတယ်။ ထိုင်းလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုမှာ အဂတိလိုက်စားမှု ကင်းဝေးဖို့ ကျွန်တော်တို့တွေ လက်တွဲလုပ်ဆောင်သွားဖို့ လိုပါတယ်။”ဟု ချန်အိုချာက ပြောသည်။

နိုင်ငံတော်အဆင့်အနေဖြင့် အမျိုးသားအဂတိတိုက်ဖျက်ရေးကော်မတီနှင့် အဓိကမူဝါဒချမှတ်သော အမျိုးသားအဂတိတိုက်ဖျက်ရေးဗဟိုတို့ကိုလည်း တည်ထောင်ဖွဲ့စည်းထားကြောင်း ၎င်းက ပြောသည်။

လုပ်ငန်းဖော်ဆောင်မှုအပိုင်းတွင် ဝန်ကြီးဌာနအသီးသီး၌ အဂတိတိုက်ဖျက်ရေးဌာနများကို ဖွဲ့စည်းထားရှိကြောင်းလည်း ဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ ၂၀၁၄ အကျင့်ပျက်အဂတိခြစားမှု အညွန်းကိန်း၌ ထိုင်းနိုင်ငံက အဆင့် ၈၅ တွင် ရပ်တည်ခဲ့ရာမှ ၂၀၁၅ အညွန်းကိန်းတွင်မူ အဆင့် ရ၆ သို့ ရောက်ရှိခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly