လုပ်ပိုင်ခွင့်အာဏာကို ဝန်ကြီးချုပ်ထံ ပက်ဂွန်ဟေး လွှဲပြောင်းပေးအပ်၊ ပြည်သူများအား တောင်းပန်

လုပ်ပိုင်ခွင့်အာဏာကို ဝန်ကြီးချုပ်ထံ ပက်ဂွန်ဟေး လွှဲပြောင်းပေးအပ်၊ ပြည်သူများအား တောင်းပန်
(ဓာတ်ပုံ - အီးပီအေ)

တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးရဲ့ "ကိုးရီးယားရပ်ပြူတင်" အရှုပ်တော်ပုံ စွပ်စွဲပြစ်တင်ရေး အဆိုကို ဒီဇင်ဘာလ ၉ ရက်က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ပြီးနောက် သူမအနေဖြင့် လုပ်ပိုင်ခွင့်အာဏာများ အားလုံးကို ဝန်ကြီးချုပ်ထံ သောကြာနေ့က လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။

"ခုလိုဖြစ်ရတဲ့အတွက် တောင်ကိုရီးယားပြည်သူတွေအားလုံးကို ကျွန်မတောင်းပန်ချင်ပါတယ်၊ ကျွန်မ သတိမထားမိတဲ့အရာတွေကြောင့် ခုလိုမျိုး မတည်မငြိမ်မှုတွေ ကျွန်မဖန်တီးမိခဲ့ပါတယ်"လို့ ပက်ဂွန်ဟေးက ရုပ်သံမှတဆင့် သောကြာနေ့က ပြောကြားသွားခဲ့ပါတယ်။

လွှတ်တော်ထဲမှာ သမ္မတအား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ရေး အဆိုအား မဲခွဲရာမှာ ထောက်ခံမဲ ၂၃၄ မဲနဲ့ ကန့်ကွက်မဲ ၅၆ မဲ ရရှိမှုနှင့်အတူ လုပ်ပိုင်ခွင့်အာဏာများကို ဝန်ကြီးချုပ်က ယာယီတာဝန်ယူဖို့ သဘောတူညီခဲ့ပါတယ်။

ပက်အပေါ် စွဲချက်များကို စစ်ဆေးကြားနာမယ့်ကာလမှာ အများဆုံး ခြောက်လအထိ ကြာမြင့်သွားနိုင်မည်ဖြစ်ပြီး ၎င်းကာလအတွင်း သူမမှာ အိမ်ပြာတော်တွင် ဆက်ရှိနေမှာဖြစ်ပေမယ့် အမည်ခံသက်သက်အဖြစ်သာ ရှိနေရမယ်လို့လည်း သိရပါတယ်။

သမ္မတ ပတ်ဂွန်ဟေး နှုတ်ထွက်ပေးဖို့ မကြာခင် ရက်များအတွင်း တောင်ကိုးရီးယားမှာ လူသန်းနဲ့ချီပြီး ဆက်တိုက်ဆန္ဒပြခဲ့ကြပါတယ်။

ပတ်ဂွန်ဟေးဟာ သူမရဲ့ လူရင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ ချောင်ဆောင်စီက သမ္မတနှင့် သိကျွမ်းမှုကို အခွင့်ကောင်းယူကာ အာဏာနှင့် ငွေကြေးကိစ္စရပ်များတွင် အလွဲသုံးစားပြုလုပ်တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly