VOA သတင်းထောက် ဒေါ်အေးအေးမာ ထိုင်းအစိုးရ၏ လူသားအကျိုးပြုဆုု ချီးမြှင့်ခံရ

VOA သတင်းထောက် ဒေါ်အေးအေးမာ ထိုင်းအစိုးရ၏ လူသားအကျိုးပြုဆုု ချီးမြှင့်ခံရ
Photo-Phuangthong Meesaen

ချင်းမုုိင်၊ ဒီဇင်ဘာ ၉ ။              ။ ထုုိင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လူမှုရေးလုုပ်ငန်းလုုပ်ဆောင်နေသော VOA သတင်းထောက် ဒေါ်အေးအေးမာ ကုုိ ထုုိင်းအစုုိးရ၏ Ministry of social Development and Human Security ဌာနမှ လူသားအကျိုးပြုဆု ချီးမြင့် ခံရသည်။

ယင်းဆုုကုုိ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ Ambassador ဟုုိတယ်တွင် အခမ်းအနားပြုလုုပ်၍ ထုုိင်း ဘုုရင်၏ ချွေးမ ကုုိယ်တုုိင် လာရောက် ဆုုချီးမြင့်ခဲ့သည်ဟုု သိရသည်။

“အဓိက လူသားအကျိုးပြုလူတွေကုုိပေးတယ်ပေါ့နော်။ အဓိက community ကနေ ရွေးချယ်ပြီးတော့မှ ဆုုရွေးချယ်ရေး ဘုုတ် အဖွဲ့ကုုိ ပုုိ့တာပေါ့နော်။ လူမှုနဲ့ပတ်သက်ပြီးတော့ လူမှုထူးချွန်ဆုု သဘောမျိုးပေါ့။ ထုုိင်းလုုိ ပချာပတီ  Award လုုိ့ ခေါ်တယ်။ ဒုုက္ခရောက်နေတဲ့ သူတွေကုုိ ကူညီတဲ့အတွက် တော်ဝင်မိသားစုုက ဘုုရင့်ရဲ့ ချွေးမက လာပေးတာ” ဟုု ဒေါ် အေးအေးမာက ပြောသည်။

လူသားအကျိုးပြုသော လူများကုုိ ပေးအပ်သောဆုုကုုိ ယခုုနှစ်တွင် ၉ ကြိမ်မြောက် ဆုုချီးမြင့်ခြင်းဖြစ်ပြီး အဆုုိပါ ဆုုပေး အပ်ရန်အတွက် အောက်ခြေလူမှုအဖွဲ့အစည်းများ ကုုိယ်တုုိင် ရွေးချယ်၍ ဆုုရွေးချယ်ရေး ဘုုတ်အဖွဲ့သုုိ့ ပေးပုုိ့ရွေးချယ် ရ ခြင်းဖြစ်သည်ဟုု သူက ပြောသည်။

ဆုုကုုိ အုုပ်စုု ၄ စုု ခွဲ၍ ချီးမြင့်ခဲ့ရာ မိမိကုုိယ်တုုိင် ဒုုက္ခရောက်ပြီး တခြား ဒုုက္ခရောက်နေသည့်လူများကုုိ ကူညီပေး သူများ ကုုိ ဒေါ်အေးအေးမာ အပါအဝင် လူပုုဂ္ဂိုလ် ၂၁ ဦးကုုိလည်း ဆုုချီးမြင့်ခဲ့သသိုု၊ ထုုိင်းသတင်းဌာန၊ ရေဒီယုုိ၊ တီဗွီလုုိင်း စ သည့် ဌာနနှင့် လူပုုဂ္ဂိုလ် ရ၀ ကျော်ကုုိလည်း ဆုုပေးအပ်ချီမြင့်ခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် အခွင့်အရေးနည်းပါးသည့် လူ့အသုုိင်းအဝုုိင်းလူမျိုးစုု အခွင့်အရေး တုုိးတက်အောင် လုုပ်ဆောင်သည့်အဖွဲ့၊ လူပုုဂ္ဂိုလ်များကုုိ ဂုုဏ်ပြု ချီးမြင့်ခြင်း ဖြစ်ပြီး ဆုုလက်ခံရရှိသည့်အတွက် မြန်မာရွှေ့ပြောင်း အမျိုးသမီးနှင့် ကလေးများ၏ ဘဝလုံုခြံုမှုရရှိရေး ပုုိမုုိလုုပ်ဆောင်လာနုုိင်လိမ့်မည်ဟုု မျော်လင့်ကြောင်း ဒေါ်အေးအေးမာက ပြောသည်။

“ဒီဆုုက အစ်မတုုိ့ နယ်စပ်တလျောက်မှာရှိတဲ့ မြန်မာပြည်ကနေလာတဲ့ ရွှေ့ပြောင်းအလုုပ်သမားတွေကုုိ ကူညီပေးတဲ့ အ တွက် ပေးတာပေါ့နော်။ အဲဒီအခါကြတော့ ဒီဆုုကုုိ ရတဲ့အတွက် ထုုိင်းလူမှုအသုုိင်းအဝုုိင်းကလည်း အသိအမှတ်ပြုတယ်။ ထုုိင်း အစုုိရကလည်း အသိအမှတ်ပြုတယ်ဆုုိတော့ အမတုု့ိအနေနဲ့ဝမ်းသာမိတယ်။ အမတုုိ့လုုပ်ငန်းတွေမှာလည်း လုုပ်ရ ကုုိင်ရတဲ့ အခါမှာ ပုုိပြီးတော့ ကောင်းမွန်လာမယ်။ လွယ်ကူလာမယ်လုုိ့ယူဆတယ်ပေါ့နော်” ဟုု သူက ပြောသည်။

ဒေါ်အေးအေးမာသည် ပြီးခဲ့သည့် ၁၆ နှစ်ကြာကာလအတွင်း မဲဆောက်မြို့တွင် ဒုုက္ခရောက်နေသော မြန်မာရွှေ့ပြောင်း အမျိုးသမီးနှင့် ကလေး များကိုု ကူညီစောင့်ရှောက်မှု လုုပ်ငန်းများ လုုပ်ဆောင်နေပြီး အထူးသဖြင့် HIV ရောဂါ ကူးစက် ခံရသည့် အမျိုးသမီးများ၊ လူကုုန်ကူးခံရသည့် အမျိုးသမီးများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၊ မိဘမဲ့ကလေးများ၊ စွန့်ပစ်ကလေးများကုုိ  စောင့်ရှောက်မည့်   ဂေဟာတည်ထောင်၍ လုုပ်ဆောင်ခဲ့သူ ဖြစ်သည်။

၂၀၀၀ ခုုနှစ် ဇွန်လ ၂၅ ရက်က မဲဆောက်မြို့ရှိ Social Action For Chidren adn Women(SAW) ဟူသည့် ဂေဟာဖွင့် လှစ်၍ စတင်လုုပ်ဆောင်စဉ်တွင် အခက်အခဲများ ကြံုတွေ့ရသော်လည်း သူမ၏ လူမှုရေး လုုပ်ငန်းများကုုိ ထုုိင်းအစုုိးရ အ ဖွဲ့အစည်း၊ လူမှုအသုုိင်းအဝုုိင်းများက အသိအမှတ်ပြုလာရန် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ည်။

လက်ရှိ ဂေဟာတွင် ဒုုက္ခရောက်နေသည့် အမျိုးသမီး၊ ကလေးနှင့် HIV ဝေဒနာရှင်များ စုုစုုပေါင်း ၃၀၀ ခန့်ကို စောင့် ရှောက်နေကာ ကလေး ၂၀၀ ကျော်၊ အမျိုးသမီး ၁၀၀ ခန့် ရှိသည်ဟုု သိရသည်။

မွေးကင်းစမှ မိဘစွန့်ပစ် သွားသည့် ကလေးများထဲတွင် ယခုုအချိန်တွင် တက္ကသိုုလ် ကျောင်းတက်ရောက်နေသည့် ကလေး ၁၀ ဦးကျော် ရှိနေပြီဟုု ဒေါ်အေးအေးမာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly