သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမများ ပွဲတော် နှစ်ရက် ကျင်းပမည်

သက်ဝင်လှုပ်ရှား ရန်ကုန်မြို့လမ်းမများ ပွဲတော် နှစ်ရက် ကျင်းပမည်

“ သက်ဝင်လှုပ်ရှား ရန်ကုန်မြို ့လမ်းမများ ပွဲတော် ” ကို  ဒီဇင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ၊ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ဘဏ်လမ်းတို့တွင် ညနေ (၅) နာရီ မှ (၉) နာရီအထိ ပြုလုပ်သွားမှာပါ။

ပွဲတော် ကျင်းပနေစဉ်အတွင်း “ မော်တော်ယာဉ်ကင်းမဲ့လမ်းများ” အဖြစ် ၊ ပွဲတော်နေရာ အတွင်းသို့ မော်တော်ယာဉ်များ ၀င်ရောက်ခွင့်ပြုမည် မဟုတ်လို့ သိရပါတယ်။ ပွဲတော်တွင် အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှုတက္ကသိုလ် မှ ကျောင်းသူကျောင်းသားများ နှင့် အနုပညာရှင်တွေရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများ ၊ ဖျော်ဖြေတင်ဆက်မှုများ ၊ မြန်မာ့ရိုးရာလက်မှု အနုပညာဆိုင်ခန်း၊ ပြခန်းများနှင့် ဆိုင်ခန်းများ ပါ၀င်မည်ဖြစ်ပါသည်။ ပွဲတော်ကျင်းပရာလမ်းများနှင့် သစ်ပင်များတွင် ရောင်စုံမီးပုံးများဖြင့် မီးအလှဆင်ခြင်း ၊ သမိုင်းဝင်အဆောက်အဦတစ်ချို့ကို မီးအလှဆင်ခြင်းများ
လည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါ့ပြင် ရန်ကုန်မြို့ သမိုင်းအမွေအနှစ်အဆောက်အဦတွေနဲ့ပတ်သက်တဲ့ ပြခန်းတွေ ကို ရန်ကုန်နည်းပညာတက္ကသိုလ် ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် သန်လျင်မှ   ကျောင်းသူကျောင်းသားများက ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ၏ ပူးပေါင်းလမ်းညွှန်ကူညီမှုဖြင့် ပြသသွားမှာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေမှ  လမ်းညွှန် ဦးဆောင်ပြီး ပွဲတော်သို့ လာရောက်သူများကို ပွဲတော်အနီးဝန်းကျင်ရှိ သမိုင်းဝင်နေရာများသို့ လိုက်လံပို့ဆောင်ပေးမှာပါ။

ပွဲကျင်းပရခြင်းမှာ သမိုင်းအမွေအနှစ်အဆောက်အဦးများ ကို ပြန်လည်တန်ဖိုးထားစေရန်၊ မြို့တော်အတွင်း လမ်းလျှောက်သူလမ်းသွားလမ်းလာများအတွက် သာယာအဆင်ပြေမှုကို ပြန်လည်ထည့်သွင်း
စဉ်းစားနိုင်စေရန်၊ လှတဲ့အနာဂတ် မြို့ပြရှုခင်း ကို ကို မျှော်မှန်း နိုင်စေရန်ရည်ရွယ်တယ်လို့ ပြောပါတယ်။ သက်ဝင်လှုပ်ရှား ရန်ကုန်မြို ့လမ်းမများ ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့က ဂျပန်နိုင်ငံတကာ ကူညီဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly