ကိုရီးယားသမ္မတ ရာထူးက ဆင်းပေးရေး လွှတ်တော်တွင် မဲခွဲရန်ရှိ

ကိုရီးယားသမ္မတ ရာထူးက ဆင်းပေးရေး လွှတ်တော်တွင် မဲခွဲရန်ရှိ

ဆိုးလ်၊ ဒီဇင်ဘာ ၉ ။                      ။  ပြဿနာများ ရင်ဆိုင်နေရသည့် တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး ရာထူးက ဆင်းပေးရေးအတွက ဒီဇင်ဘာ ၉ ရက်တွင် လွှတ်တော်၌ အမတ်များက မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

သမ္မတ ပတ်ဂွန်ဟေးအနေဖြင့် နိုင်ငံရေးရှုပ်ထွေးမှု တစ်ရပ်ကြောင့် ဆန္ဒပြသမှုများ ခံရကာ ရာထူးက နုတ်ထွက်ရေး တောင်းဆိုခံနေရသည်။

၎င်း၏ လူရင်းမိတ်ဆွေတစ်ဦးဖြစ်သည့် ချောင်ဆောင်စီက သမ္မတနှင့် သိကျွမ်းမှုကို အခွင့်ကောင်းယူကာ အာဏာနှင့် ငွေကြေးကိစ္စရပ်များတွင် အလွဲသုံးစားပြုလုပ်သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။

ချောင်ဆောင်စီ၏ လုပ်ရပ်များတွင် ပတ်ဂွန်ဟေးလည်း ပါဝင်ကာ အဂတိမကင်းရှိနိုင်ကြောင်း အစိုးရရှေ့နေများက ပြောသည်။ ပတ်ဂွန်ဟေးကမူ ငြင်းဆန်ထားသည်။

ရာထူးက ဆင်းပေးရေးကို သမ္မတ ပတ်ဂွန်ဟေးက ခုခံလျက်ရှိကာ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူမည်ဖြစ်ကြောင်း အတိအလင်းပြောသည်။

တောင်ကိုရီးယားလွှတ်တော်က ဒီဇင်ဘာ ၈ ရက်၌ အဆင့်မြင့်အရာရှိများ ရာထူးက ဖယ်ရှားခြင်းဆိုင်ရာ ဥပဒေကြမ်းအဆိုပြုချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၉ ရက် ယနေ့၌ မဲခွဲဆုံးဖြတ်ဖွယ် ရှိနေကြောင်း ယွန်ဟတ်သတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly