IS ထိန်းချုပ်ရာနယ်စပ်မြို့ရှိ လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

IS ထိန်းချုပ်ရာနယ်စပ်မြို့ရှိ လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

ဆီးရီးယားနယ်စပ်အနီးရှိ IS အဖွဲ့ထိန်းချုပ်ရာ အီရတ်မြို့တစ်မြို့အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ ကျော်လောက် သေဆုံးခဲ့ရကြောင်း သတင်းရရှိပါသည်။
 
လွန်ခဲ့သော ဗုဒ္ဓဟူးနေ့နေ့လည်တုန်းက ဘက်ဂ်ဒက်မြို့နှင့်မိုင်ပေါင်း ၁၈၆ မိုင်ကွာဝေးသော အယ်လ်ခါအင်မ် မြို့လယ်ခေါင်ကို အမျိုးအမည်မသိ ဂျက်တိုက်လေယာဉ်များဟာ ဦးတည် တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးသေဆုံးခဲ့ရကြောင်း ဆေးမှူးတစ်ဦးက ပြောခဲ့ပါသည်။

ထို့နောက် အယ်လ်ခါအင်မ်မြို့မှာ အီရတ်တိုက်လေယာဉ်တွေမှကျူးလွန်ခဲ့သော အစုအလိုက် အပြံုလိုက်သတ်ဖြတ်မှု ဟု အမည်ပေးထားသော ဗီဒီယိုဖိုင်တစ်ခုကို IS ၏ပူးပေါင်းအဖွဲ့ အာမက်သတင်းဌာနက ရည်ရွယ်ချက်ဖြင့် ထုတ်လွှင့်ခဲ့ပါသည်။

ထိုဗီဒီယိုဖိုင်ထဲတွင် မီးလောင်ကျွမ်းနေသောကားတန်းကြီးနှင့် စျေးဆိုင်များ၊ ပျက်စီးနေသောအဆောက်အဦ များနှင့် ကလေးသူငယ်များစွာ၏အလောင်းများ ပါ၀င်ပါသည်။ အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ရကြောင်း အာမက်သတင်းဌာနက ပြောကြားခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုဟာ အီရတ်လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြသူများလည်း ရှိကြပါသည်။ သို့သော်လည်း အီရတ်စစ်တပ်နှင့်အစိုးရကတော့ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခြင်းမရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly