ဆေးခြောက်က အရိုးကျိုးခြင်းကို သက်သာပျောက်ကင်းစေကြောင်း သုတေသနတွေ့ရှိ

ဆေးခြောက်က အရိုးကျိုးခြင်းကို သက်သာပျောက်ကင်းစေကြောင်း သုတေသနတွေ့ရှိ

ဆေးခြောက်သည် အရိုးကျိုးရာ ကုသမှုပေးခြင်းတွင် အစွမ်းထက်မြက်ပြီး အခြားသော အရိုးနှင့်ဆိုင်သည့် ကျန်းမာရေးတွင်လည်း အစွမ်းထက်သည့် အာနိသင်ရှိကြောင်း အစ္စရေးသုတေသနပညာရှင်များက ဖော်ထုတ်ခဲ့သည်။

အရိုးကျိုးအက်ခြင်းများတွင် ကုသပျောက်ကင်းအောင် စွမ်းဆောင်ရာ၌ ဆေးခြောက်က အသုံးဝင်အစွမ်းထက်ကြောင်းကို တဲလ်အယ်ဗစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး Bone and Mineral Research ဂျာနယ်တွင်ဖော်ပြ ခဲ့ခြင်းဖြစ်သည်။

ဆေးခြောက်တွင်း ပါဝင်သည့် ဒြပ်ပေါင်း CBD သည် အရိုးကျိုးအက်ခြင်းကို ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်ရာတွင် အချိန်မြန်စေကြောင်း ကြွက်များဖြင့် စမ်းသပ်မှုအပြီးနောက် တွေ့ရှိခြင်းဖြစ်သည်။ CBD ဒြပ်ပေါင်းသည် ဆေးခြောက်တွင် ပါဝင်သည့် စိတ်ကိုပြောင်းလဲစေသော အဓိကဓာတ်ဖြစ်သည့် tetrahydrocannabinol (THC) နှင့်လည်း ကွဲပြားခြားနားစွာရှိသည့် ဓာတ်ဖြစ်သည်။

"အရိုးကုထုံးဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ဖို့အတွက်ကတော့ လုပ်ဆောင်ရဦးမှာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့်ဆေးခြောက်က အရိုးအတွက် အကျိုးရှိတယ်ဆိုတာကိုတော့ သေချာပြောနိုင်အောင် သုတေသန အတည်ပြုနိုင် ပါပြီ။”ဟု ဒေါက်တာ ယန်ကယ်ဂါဘတ်က ပြောခဲ့သည်။

Ref: RT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly