အာချေးပြည်နယ် ငလျင်ကြောင့် သေဆုံးသူဦးရေ ၉၇ ဦးအထိ ရှိ၊ သေဆုံးသူဦးရေ တိုးလာနိုင်

အာချေးပြည်နယ် ငလျင်ကြောင့် သေဆုံးသူဦးရေ ၉၇ ဦးအထိ ရှိ၊ သေဆုံးသူဦးရေ တိုးလာနိုင်

ဂျကာတာ၊ ဒီဇင်ဘာ ရ ။                  ။ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၌ ဒီဇင်ဘာ ရ ရက်က ပြင်းအား ၆ ဒဿမ ၅ အဆင့်ဖြင့် လှုပ်သည့် ငလျင်တွင် သေဆုံးသူဦးရေသည် ၉၇ ဦးအထိ ရှိနေကြောင်း
စစ်တပ်အကြီးအကဲတစ်ဦးက ပြောသည်။

“သေဆုံးသူဦးရေက ၉၇ ဦးရှိနေပါတယ်။ နောက်ထပ် ထပ်တိုးလာနိုင်ဖို့လည်း ရှိနေတယ်။”ဟု အာချေးပြည်နယ်စစ်တပ်အကြီးအကဲ တက်တန်းဆူလိုင်မန်းက အေအက်ဖ်ပီသတင်းသို့ ပြောသည်။

အမေရိကန်ဘူမိတိုင်းတာရေးဌာနက အစောပိုင်း၌ ပြင်းအား ၆ ဒဿမ ၄ ရှိသည်ဟု ခန့်မှန်းထားရာမှ ပြင်းအား ၆ ဒဿမ ၅ အဆင့်သို့ တိုးမြှင့်ခဲ့ပြီး သေကျေပျက်စီးမှု အခြေအနေကြောင့် အဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။

မူရူဒူမြို့ငယ်တွင် ဗလီများ၊ စျေးဆိုင်တန်းများ ပြိုကျပျက်စီးသည်။ ဒေသခံများလည်း နေရာစွန့်ခွာရသည်။ ငလျင်ကြောင့် ဆူနာမီ သတိပေးချက်တော့ ထုတ်ပြန်မထားပေ။

ဌာနေသဘာဝဘေးအေဂျင်စီ အကြီးအကဲ ပူတက်မာနက်ဖ်က ခရိုင်အတွင်းရှိ ဆေးရုံတစ်ခုလုံး ဒဏ်ရာရသူများနှင့် ပြည့်သွားကြောင်း ပြောသည်။

“ဒဏ်ရာရသူပေါင်းတွေက ရာပေါင်းများစွာ ရှိနိုင်တယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

အပျက်အစီးများအောက် ပိတ်မိနေနိုင်သူများကို ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေပြီး စက်ယန္တရားများဖြင့် အပြိုအပျက်များကို ဖယ်ရှားရှင်းလင်းကာ ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly