Game of Thrones နှင့် Porridge သရုပ်ဆောင် Peter Vaughan အသက် ၉၃ နှစ် အရွယ်၌ ကွယ်လွန်

Game of Thrones နှင့် Porridge သရုပ်ဆောင် Peter Vaughan အသက် ၉၃ နှစ် အရွယ်၌ ကွယ်လွန်

Game of Thrones နှင့် Porridge ဇာတ်လမ်းတွဲများနှင့် လူသိများသည့် ဗြိတိန်သရုပ်ဆောင် Peter Vaughan ဟာ အသက် ၉၃ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ HBO ရဲ့နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ Game of Thrones မှာ Maester Aemon လူသိများသူ ဖြစ်ပါတယ်။ သူဟာ အခြားတီဗွီရှိုးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း စုံလင်လှတဲ့ ဇာတ်ကောင်အမျိုးမျိုး နေရာကနေ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။  Peter Vaughan ဟာ မနက်၁၀နာရီခွဲလောက်မှာ ကွယ်လွန်ခဲ့ရကြောင်းကို ၀မ်းနည်းစွာဖြင့်အတည်ပြုလိုက်ကြောင်းနဲ့ သူဟာ မိသားစုဝင်တွေ ၀န်းရံလျက် အေးချမ်းစွာ ကွယ်လွန်ခဲ့ကြောင်း သူ့ရဲ့အေးဂျင့်ဖြစ်သူ ဆယ်လီလောင်းအင်းနက်စ် က ပြောခဲ့ပါတယ်။

Vaughan ဟာ သူ့ရဲ့သရုပ်ဆောင်ဘဝကို ၁၉၅၀ခုနှစ်များက စတင်ခဲ့ပြီး စတိတ်စင်ပေါ်နဲ့ တီဗီရုပ်သံ၊ ရုပ်ရှင်ဇာတ် ကားတွေမှာ စုံလင်လှတဲ့ ဇာတ်ပို့တွေ နေရာကနေ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အဓိကအားဖြင့် သူဟာ ခပ်မာမာ ဇာတ်ကောင်တွေဖြစ်တဲ့ ရဲအရာရှိ၊ လျှို့ဝှက်အေးဂျင့်၊ အသက်ကြီးကြီး အာဏာပိုင်လိုမျိုး နေရာတွေကနေ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly