ဘုရင့်အတိုင်ပင်ခံအဖွဲ့သစ်အား ထိုင်းဘုရင်သစ် ခန့်အပ်

ဘုရင့်အတိုင်ပင်ခံအဖွဲ့သစ်အား ထိုင်းဘုရင်သစ် ခန့်အပ်

ဘန်ကောက်၊ ဒီဇင်ဘာ ရ ။             ။ ထိုင်းဘုရင်သစ် မဟာဝါဇီရလောင်ကွန်းဘွန်ဒင်ဒရာဒီဘာယာဝါရန်ခန်းက ဘုရင့်အတိုင်ပင်ခံအဖွဲ့သစ်အား အဖွဲ့ဝင်သစ် သုံးဦးနှင့် ယခင်ခုနစ်ဦးတို့ဖြင့် ပြန်လည်ခန့်အပ်ဖွဲ့စည်းသည်။

နတ်ရွာစံဘုရင်ဘူမိဘော၏ မင်းတိုင်ပင်အမတ်များ အနားယူခဲ့ခြင်းကြောင်း ဘုရင်ဝါဇီရလောင်ကွန်းက ဒီဇင်ဘာ ၆ ရက်ထုတ်ပြန်သည့် တော်ဝင်အမိန့်ပြန်တမ်းဖြင့် ဘုရင့်အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းခန့်အပ်သည်။

အဆိုပါ အမိန့်ပြန်တမ်းအား ၂၀၁၄ က ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂ အရ ထုတ်ပြန်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် တော်ဝင်ဂေဇက်တွင် ရိုက်နှိပ်ဖော်ပြသည်။

အတိုင်ပင်ခံအဖွဲ့တွင် အဖွဲ့ဝင်သစ်အဖြစ် ဗိုလ်ချုပ်ကြီးများကို ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းတို့မှာ လက်ရှိ ပညာရေးဝန်ကြီးတာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး ဒါပွန်ရတ်တန်နာဆူဝန်၊ လက်ရှိ တရားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပိုင်ဘန်းကွမ်းချာယာနှင့် စက်တင်ဘာ ၃၀ ရက်က စစ်ဦးစီးချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သူ ဗိုလ်ချုပ်ကြီး တီရာချိုင်းတို့ ဖြစ်ကြသည်။

ကျန်ခုနစ်ဦးမှာ ဘုရင်ဘူမိဘောလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သူများအား ဆက်လက်ခန့်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly