ဂရမ်မီဆုပေါင်း ကိုးဆုအတွက် လျာထားခြင်းခံရတဲ့ အဆိုတော် ဘီယွန်းဆေး

ဂရမ်မီဆုပေါင်း ကိုးဆုအတွက် လျာထားခြင်းခံရတဲ့ အဆိုတော် ဘီယွန်းဆေး

အဆိုတော်ဘီယွန်းဆေးဟာ ၂၀၁၇ ဂရမ်မီဆုပေးပွဲအတွက် ဆုတစ်ပွေ့တစ်ပိုက်ကြီးလျာထားခြင်းခံရပြီး ဂရမ်မီ သမိုင်းမှာ ဆုအများဆုံးလျာထားခံရတဲ့ အမျိုးသမီးအဆိုတော်စာရင်းမှာ ဦးဆောင်နေပါတယ်။ သူမရဲ့အယ်ဘမ် Lemonade ဟာ နှစ်တစ်နှစ်ရဲ့အကောင်းဆုံးအယ်ဘမ်ဆုစာရင်းမှာလျာထားခံရပြီး သူမဟာ စုစုပေါင်းဆုကိုးဆု အတွက်လျာထားခြင်းခံထားရပါတယ်။

သူမရဲ့သီချင်း Formation ဟာလည်း အကောင်းဆုံးသီချင်းနှင့်တေးသံသွင်းဆုကိုရရှိဖို့အတွက် လျာထားခံရပါတယ်။ ဒါ့အပြင် ၂၀၁၂ခုနှစ်တုန်းက အဓိကဆုပေါင်းသုံးဆုကို ဆွတ်ခူးခဲ့တဲ့ အဆိုတော် Adele နဲ့သူမဟာ ဆုအမျိုးအစားပေါင်းသုံးခုအတွက် ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

အခုဆိုရင် ဘီယွန်းဆေးဟာ သူမရဲ့ဂီတသက်တမ်းတလျှောက် ဂရမ်မီဆုအတွက်လျာထားခံရတာ ၆၂ကြိမ်ရှိပြီ ဖြစ်ပြီး ဆုအတွက်လျာထားခံရဆုံး လေးယောက်မြောက်အနုပညာရှင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags