ဘရာဇီးအဓိကရုဏ်း၌ ရီယိုရဲများက ဆူပူအုံကြွသူများအား ဘုရားကျောင်းအတွင်းမှ ပစ်ခတ်နှိမ်နင်း

ဘရာဇီးအဓိကရုဏ်း၌ ရီယိုရဲများက ဆူပူအုံကြွသူများအား ဘုရားကျောင်းအတွင်းမှ ပစ်ခတ်နှိမ်နင်း

မြို့တော်အတွင်းရှိ အသုံးစရိတ်ပြသနာများကြောင့် မြို့ထဲတွင်ဆန္ဒပြသူများနှင့် ရဲများအကြား အဓိကရုဏ်းဖြစ် ပွားခဲ့ပါသည်။ ဆန္ဒပြသူအများစုဟာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး လခမရရှိတာ လနဲ့ချီနေပြီဖြစ်သည့်အလုပ် သမားများဖြစ်ကြပါသည်။

အဓိကရုဏ်းနှိမ်နင်းသူရဲများက ဘုရားကျောင်းအတွင်းမှ ရာဘာကျည်ဆန်များနှင့်ပစ်ခတ်ခဲ့သောကြောင့်  ဘရားနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့ရှိ ရိုမန်ကက်သလစ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဟု ကတိပေးခဲ့ပါသည်။

ရဲတွေဟာ အဆိုပါလူထုအုံကြွမှုမှာ မျက်ရည်ယိုဗုံးတွေနဲ့ ဓာတ်ငွေ့ဗုံးတွေကို အသုံးပြုခဲ့ကြပါသည်။ ဥပဒေပြု လွှတ်တော်အမတ်တွေဟာ အခုဆိုရင် မြို့တော်ရဲ့အသုံးစရိတ်မှာ ကြီးမားသော လိုငွေပြသနေမှုနဲ့ပတ်သက်၍ ငွေကြေးပံ့ပိုးပေးသွားရန် ဆွေးနွေးမှုများပြုလုပ်နေကြပါသည်။
 
အဓိကရုဏ်းဖြစ်ပွားစဉ်အတွင်းမှာ ရဲအရာရှိတွေဟာ အနီးနားမှာရှိတဲ့ဘုရားရှိခိုးကျောင်းထဲသို့ဝင်ရောက်ခဲ့ပြီး ပြတင်းပေါက်တွေမှတဆင့် ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြပါသည်။ အဆိုပါနှိမ်နင်းမှုကြောင့် ရဲများ အပါအဝင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly