အလက်ပိုမြို့တိုက်ပွဲ၌ ဆီးရီးယားအစိုးရစစ်တပ်က သူပုန်တပ်များ အပေါ်အသာစီး ရရှိနေ

အလက်ပိုမြို့တိုက်ပွဲ၌ ဆီးရီးယားအစိုးရစစ်တပ်က သူပုန်တပ်များ အပေါ်အသာစီး ရရှိနေ

ဆီးရီးယားအစိုးရတပ်တွေဟာ သူပုန်တွေထိန်းချုပ်ထားသော အလက်ပိုမြို့ရဲ့အရှေ့ဘက်ခြမ်းနေရာတွေကို ထိုးစစ်ဆင်ကာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။ အခုဆိုရင် အစိုးရတပ်တွေဟာ သူပုန်တွေ ထိန်းချုပ်ထားရာ အလက်ပိုမြို့အရှေ့ဘက်ခြမ်းနေရာတွေရဲ့ ရ၀ရာခိုင်နှုန်းလောက်ကို jပန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်တယ် လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါသည်။

သူပုန်တွေလက်ထဲမှာ ရှိနေသေးတဲ့ဒေသတွေမှာတော့ လူပေါင်းတစ်သိန်းကျော်လောက်ဟာ ပိတ်မိနေဆဲဖြစ်ပါ တယ်။ အစားအစာထောက်ပံ့မှုတွေဟာလည်း ကုန်ခမ်းနေပြီး အသုံးပြုနိုင်သောဆေးရုံများလည်း မရှိတော့ဘူးလို့ ပြောပါတယ်။ သတင်းတွေရဲ့အဆိုအရတော့ အခုဆိုရင် အစိုးရစစ်တပ်တွေဟာ သူပုန်တွေထိန်းချုပ်ထားတဲ့   မြို့ဟောင်းကိုဦးတည် တိုက်ခိုက်   တော့မယ်လို့ သိရပါတယ်။

ဆီးရီးယားစစ်တပ်ရဲ့အဆိုအရတော့ အယ်လ်ရှားဒေသတစ်ခုလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပြီး လေ့လာရေးအဖွဲ့ကလည်း အဆိုပါသတင်းကို အတည်ပြုခဲ့ပါတယ်။ အစိုးရစစ်တပ်ဟာ ရိုတ်ခ် လပ်ဖ်တီနဲ့ မာဂျာဒေသတွေမှာလည်း အောင်ပွဲတွေရှရှိနေတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ကဆက်ပြော ပါတယ်။

တချိန်တည်းမှာပဲ ဆီရီးယားနို်င်ငံတော်ရုပ်သံက သူပုန်စစ်တပ်တွေဟာ မြို့ဟောင်းမှာရှိတဲ့ နေရာဒေသသုံးခု လောက်ကို ရှုံးနိမ့်သွားတယ်လို့ သတင်းတင်ဆက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags