အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်းမှာ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်းမှာ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား မြောက်ပိုင်းမှာ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခု ဗုဒ္ဓဟူးနေ့ အစောပိုင်းက လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ (USGS) အရ သိရှိရပါတယ်။

တီဒီဂျာယာခရိုင်ရှိ Sigli နှင့် Bireuen မြို့များအကြား ဘင်ဒါအာချေးရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ နေရာမှာ ငလျင်အကြမ်းဆုံး လှုပ်ခတ်သွားပြီး ၎င်းနေရာမှာ နေထိုင်သူအများအပြား လန့်နိုးကာ အိမ်များမှ ထွက်ပြေးကြတယ်လို့ အီးပီအေ သတင်းထောက်များက သတင်း ပေးပို့ထားပါတယ်။

တာမာလန်လားကျေးရွာရှိ ငလျင်လှုပ်စဉ်အတွင်း စာသင်ကျောင်းငယ်တစ်ခု ပြိုကျပြီး အပျက်အစီးအောက် ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဒေခံကျောင်းသားများကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြပါတယ်။ အနည်းဆုံး ကျေးရွာ ၅ ရွာရှိ ကွန်ကရစ်အဆောက်အဦးများ ပျက်စီးခဲ့ပါတယ်။

အဆိုပါငလျင်ဟာ မနက် ၅ နာရီ ၀၃ စက္ကန့် (ဂရင်းနစ်စံတော်ချိန် မနက် ၁၀းဝ၃) မိနစ်မှာ မြေအောက် ဗဟိုချက် ၈.၂ ကီလိုမီတာ အနက်မှာ လှုပ်ခတ်သွားတာဖြစ်ပြီး ၎င်းဗဟိုချက်မှာ Sigli မြို့ရဲ့ အရှေ့တောင်ဘက် ၁၉ ကီလိုမီတာမှာ တည်ရှိတယ်လို့ USGS က ဖော်ပြထားပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags