ဒစ်စနေးကုမ္ပဏီရဲ့ ကာတွန်းဇာတ်ကား Moana ဟာ မြောက်အမေရိက Box office ရဲ့ထိပ်ဆုံးနေရာကို ရောက်ရှိနေတာအခုဆိုရင် ရက်သတ္တပတ် ၂ ပတ်ရှိပါပြီ။ ပြီးခဲ့တဲ့စနေ၊တနင်္ဂနွေပိတ်ရက်မှာလည်း ခန့်မှန်းချေ ၀င်ငွေဒေါ်လာ ၂၈.၄သန်း ရရှိခဲ့ပြီး ဒုတိယနေရာမှာ ရှိနေတဲ့ Fantastic Beasts and Where to Find Them ဇာတ်ကားကတော့ ၀င်ငွေဒေါ်လာ ၁၈.၅သန်း ရရှိထားပါတယ်။
ပြီးခဲ့တဲ့အပတ် စနေ၊တနင်္ဂနွေပိတ်ရက်မှာမှ စတင်ပြသခဲ့တဲ့ Moana ဇာတ်ကားဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းရုံ ၀င်ငွေဒေါ်လာ ၁၇၉သန်း ရရှိထားပြီးပြီဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ ကမ္ဘာထဲမှ ဇာတ်လမ်းဖြစ်သည့် Fantastic Beasts ရုပ်ရှင်ကတော့ မြောက်အမေရိကားမှာ ပြသခဲ့တဲ့ သုံးပတ်အတွင်း ရုံဝင်ငွေဒေါ်လာ ၁၈၃သန်း ရရှိခဲ့ကာ ကမ္ဘာတစ်ဝန်းရုံဝင်ငွေကတော့ ဒေါ်လာ ၆၀၇ သန်းကျော်အထိ ရရှိထားပြီးဖြစ်ပါတယ်။
ဒီအပတ် စနေ၊တနင်္ဂနွေ ပိတ်ရက်မှာ ရုံတင်ခဲ့တဲ့ သရဲကားသစ် Incarnate ကတော့ ရုံဝင်ငွေ ဒေါ်လာ ၄ သန်း ခန့် ရရှိမယ်လို့ ခန့်မှန်းထားသော်လည်း ဒေါ်လာ၂.၆ သန်းသာ ရုံဝင်ငွေ ရရှိခဲ့ပါတယ်။