အသက်၁၉နှစ်အရွယ်၌ မုဒိမ်းကျင့်ခံရအပြီး စိတ်ကစဉ့်ကလျားရောဂါခံစားခဲ့ကြောင်း လေဒီဂါဂါဖွင့်ဟပြောဆိုခဲ့

အသက်၁၉နှစ်အရွယ်၌ မုဒိမ်းကျင့်ခံရအပြီး စိတ်ကစဉ့်ကလျားရောဂါခံစားခဲ့ကြောင်း လေဒီဂါဂါဖွင့်ဟပြောဆိုခဲ့

အမေရိကန်ပေါ့ပ်စတား လေဒီဂါဂါဟာ သူ့အသက်၁၉နှစ်အရွယ်တုန်းက မုဒိမ်းကျင့်ခံခဲ့ရပြီး အဆိုပါဖြစ်ရပ်ဆိုး ကြီးအလွန်မှာ သူမဟာ သောကဝေဒနာကြောင့် စိတ်ကစဉ့်ကလျားဖြစ်တဲ့ရောဂါ (PTSD) ကိုခံစားခဲ့ရကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

“ကျမဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခဲ့ရပါတယ်၊ ကျမဟာ စိတ်ကစဉ့်ကလျားဖြစ်တဲ့ရောဂါ(PTSD) ဝေဒနာ ကိုခံစားခဲ့ရပါတယ်” လို့ Today Show အစီအစဉ်ဖြင့် နယူးယောက်မှအိမ်ခြေမဲ့လိင်တူချစ်သူလူငယ်များဂေဟာ အားသွားရောက်လည် ပတ်ခဲ့စဉ်မှာပြောပြခဲ့တာဖြစ်ပါတယ်။

“ကျမဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ ဘယ်တုန်းကမှမပြောခဲ့ဖူးပါဘူး” လို့အသက်၃၀အရွယ်အဆိုတော်က ပြောပါတယ်။ ဒါ့အပြင် အကြင်နာတရားဟာ သူမရဲ့ဝေဒနာကိုကုသဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်လို့ ဆက်ပြောခဲ့ပါတယ်။

အံ့သြသင့်နေတဲ့ အဆိုပါဂေဟာက ဆယ်ကျော်သက်ကလေးတွေကို “ကျမအပေါ်ကိုပြသခဲ့တဲ့ ဆရာဝန်တွေ ၊ သူငယ်ချင်းတွေ၊မိသားစုဝင်တွေရဲ့ အကြင်နာတရားဟာ ကျမရဲ့ဘဝကို ကယ်တင်ခဲ့တာပါ” အဆိုတော်က ဆက်လက်ပြောပြခဲ့ပါတယ်။

သူမဟာ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကိုနေ့စဉ်နှင့်အမျှခံစားနေခဲ့ရတာကြောင့် ရုန်းကန်ခဲ့ရပြီး တရားထိုင်မှု ဟာ သူ့ရဲ့စိတ်ကိုတည်ငြိမ်ဖို့ကြိုးစားရာမှာ အကူအညီပေးခဲ့တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags