လုံခြံုရေးကောင်စီ၏ အလီပိုမြို့ ခုနစ်ရက်တာ အပစ်ရပ်ရေး ဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ် ဗီဒိုအာဏာသုံး ပယ်ချ

လုံခြံုရေးကောင်စီ၏ အလီပိုမြို့ ခုနစ်ရက်တာ အပစ်ရပ်ရေး ဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ် ဗီဒိုအာဏာသုံး ပယ်ချ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၆ ။             .။ ဆီးရီးယားရှိ အလီပိုမြို့တိုက်ပွဲများကို ခုနစ်ရက်တာ အပစ်ရပ်ရေး တောင်းဆိုသည့် ကုလသမဂ္ဂလုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှနှင့် တရုတ်တို့က ပယ်ချလိုက်သည်။

အဆိုပါ မူကြမ်းသည် အဖွဲ့ဝင်နိုင်ငံများအား နောက်ဆုံးဆုံးဖြတ်ချက်အတွက် စဉ်းစာချိန် ၂၄ နာရီကို ချိုးဖောက်ကြောင်း ရုရှက ပြောသည်။

အလီပိုတွင် ဆီးရီးယားအစိုးရတပ်များ၏ သိမ်းပိုက်နိုင်သော နယ်မြေများကို ရုရှက ခြေကုပ်ရထားလို၍ ဆင်ခြေကန်နေခြင်းသာ ဖြစ်ကြောင်း အမေရိကန်က ပြောသည်။

အလီပိုအရှေ့ပိုင်း သူပုန်သိမ်းပိုက်ရာ နယ်မြေအများစုကို ဆီးရီးယားတပ်များက သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

သီတင်းတစ်ပတ်ကျော်အတွင်း သူပုန် သိမ်းပိုက်မြေ ရ၀ ရာခိုင်နှုန်းနီးပါးကို အစိုးရတပ်များက ပြန်လည်လက်ရသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း အတည်ပြုသည်။

သူပုန်လက်အောက်က နယ်မြေအပိုင်းများတွင် ပြည်သူပေါင်း တစ်သိန်းကျော်ထက်မနည်း ပိတ်မိနေဖွယ်ရှိပြီး အစားအစာအထောက်အပံ့များ လိုအပ်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly