၂၀၁၇ အော်စကာဆုပေးပွဲ၌ Jimmy Kimmel က အစီအစဉ်မှူးလုပ်မည်

၂၀၁၇ အော်စကာဆုပေးပွဲ၌ Jimmy Kimmel က အစီအစဉ်မှူးလုပ်မည်

လာမည့် ၂၀၁၇ အော်စကာ ထူးချွန်ဆုပေးပွဲ၌ Jimmy Kimmel က အစီအစဉ်မှူးလုပ်မည် ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။ ဒါဟာ အမေရိကန်ဟာသအနုပညာရှင်နဲ့ ရှိုးအစီအစဉ်မှူး Jimmy Kimmel အတွက်တော့ ပထမ ဦးဆုံးအကြိမ်အဖြစ် အော်စကာအစီအစဉ်မှူးလုပ်ရမှာဖြစ်ကာ ဆုပေးပွဲကတော့ လာမည့် ဖေဖေါ်ဝါရီလ ၂၆ရက် နေ့မှာကျင်းပမှာဖြစ်ပါတယ်။

Jimmy ကတော့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ “ဟုတ်ပါတယ်၊ကျနော်အော်စကာဆုပေးပွဲမှာအစီအစဉ်မှူး လုပ်ဖြစ်မှာပါ” လို့ အတည်ပြုကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့အော်စကာဆုပေးပွဲတွေမှာ အစီအစဉ်မှူးလုပ်ခဲ့သူတွေကတော့ Ellen DeGeneres၊ Seth MacFarlane၊ ၊Whoopi Goldberg နဲ့ Neil Patrick Harris တို့ပဲဖြစ်ကြပါတယ်။

Kimmel ဟာ ၂၀၀၃ခုနှစ်ကတည်းက သူ့ရဲ့တီဗီအစီအစဉ်ဖြစ်တဲ့ Jimmy Kimmel Live မှာ အစီအစဉ်မှူးအဖြစ် တင်ဆက်နေခဲ့ကာ လူကြိုက်များအောင်မြင်မှုတွေကိုလည်း ရရှိနေတဲ့ အစီအစဉ်မှူးတစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly