လေယာဉ်ပျက်ကျခဲ့တဲ့ ဘရာဇီးကလပ် ရှာပါကွင်းစ်အသင်းကို ကိုပါအမေရိကဖလား ပေးအပ်

လေယာဉ်ပျက်ကျခဲ့တဲ့ ဘရာဇီးကလပ် ရှာပါကွင်းစ်အသင်းကို ကိုပါအမေရိကဖလား ပေးအပ်
(ဓာတ်ပုံ - အီးပီအေ)

နိုဝင်ဘာ ၂၉ ရက်နေ့က ရှာပါကွင်းစ်အသင်းရဲ့ စီးလုံးဌား လေယာဉ်ပျက်ကျမှုကြောင့် ၎င်းတို့ရဲ့ ကစားသမား အများစု သေဆုံးခဲ့ပြီးနောက် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် Conmebol က အဆိုပါ ဘရာဇီးကလပ်အသင်းကို  တောင်အမေရိကဖလား (Copa Sudamericana) ကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရှာပါကွင်းစ်အသင်းဟာ တောင်အမေရိကဖလား ဗိုလ်လုပွဲ ပထမအကျော့ အဝေးကွင်းပွဲအဖြစ် ဘိုလီဗီးယားနိုင်ငံကနေ ဟိုဆေးမာရီယာ ကော်ဒိုဘာလေဆိပ်သို့ ပျံသန်းချဉ်းကပ်ခဲ့စဉ် မက်ဒီလင်းအပြင်ဘက် တောင်တန်းဒေသမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ပျက်ကျခဲ့ပြီးနောက် ကစားသမားများနှင့် ဝန်ထမ်း ၁၉ ဦးအပါအဝင် ရ၁ ဦး သေဆုံးခဲ့ပါတယ်။

ရှာပါကွင်းစ်အသင်းနှင့် အက်သလက်တီကို နာစီယွန်နယ်အသင်းတို့ဟာ တောင်အမေရိကဖလား ဗိုလ်လုပွဲအတွက် နှစ်ကျော့ ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။

ပြိုင်ဘက် ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းက ရှာပါကွင်းစ်အသင်းကို ဆုဖလား ချီးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ရှာပါကွင်းစ်အသင်းက ဆုကြေးငွေ ဒေါ်လာ ၂ သန်း (ပေါင် ၁.၅၇ သန်း) ရရှိမှာဖြစ်ပြီး အက်သလက်တီကို နာစီယွန်နယ်အသင်းက ဒေါ်လာ ၁ သန်း (ပေါင် ရ၈၇,၀၀၀) လက်ခံရရှိမှာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုကနေ ရှာပါကွင်းစ်ကစားသမား ၃ ဦးအပါအဝင် ၆ ဦး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ဘရာဇီးအသင်းနှင့် ကိုလံဘီယာအသင်းတို့ဟာ လေယာဉ်ပျက်မှုမှာ သေဆုံးသွားသူတွေ ကူညီဖို့အတွက် ဇန်နဝါရီလကုန်ပိုင်းမှာ ချစ်ကြည်ရေးကစားသွားဖို့ ရှိပါတယ်။

Ref; BBC Sports    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly