တရုတ်၏ ငွေကြေးမူဝါဒနှင့် တောင်တရုတ်ပင်လယ်ကိစ္စတို့အပေါ် ဝေဖန်မှုများ ဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးသား

တရုတ်၏ ငွေကြေးမူဝါဒနှင့် တောင်တရုတ်ပင်လယ်ကိစ္စတို့အပေါ် ဝေဖန်မှုများ ဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးသား

နယူးယောက်၊ ဒီဇင်ဘာ ၅ ။             ။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ငွေကြေးမူဝါဒနှင့် တောင်တရုတ်ပင်လယ်တွင်းက လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး တရုတ်အား ဝေဖန်မှုများ တွစ်တာတွင် ပို့စ်များ ရေးတင်လျက်ရှိသည်။

“တရုတ်သုံးငွေအား တန်ဖိုးလျှော့ချထားခြင်းနဲ့ စစ်ရေးတည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို အိုကေရဲ့လားလို့ တရုတ်က မေးမလား။ ကျွန်တော်တော့ မထင်ပါဘူး။”ဟု ၎င်းက မေးခွန်းထုတ်ကာ ရေးသားထားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ထိုင်ဝမ်သမ္မတနှင့် ဖုန်းတိုက်ရိုက် ပြောဆိုခဲ့ခြင်းဖြင့် တရုတ်နှင့် သံတမန်ဆက်ဆံရေး မကျေမလည် ဖြစ်စေခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ထိုင်ဝမ်သမ္မတနှင့် ဖုန်းတိုက်ရိုက် ပြောဆိုမှုကြောင့် အမေရိကန်ကို တရုတ်က ကန့်ကွက်အရေးဆိုမှု ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ပို့ကုန်လုပ်ငန်းရှင်များ အသာစီးရရန် ငွေတန်ဖိုးကို လျှော့ချထားသည်ဟု အမေရိကန်က ယခင်ကတည်းက ဝေဖန်မှုများ ရှိထားသည်။

ထိုအတူ တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် သန္တာကျောက်တန်းများ ပတ်လည်တွင် သောင်ဖို့ခြင်းများအား ရပ်တန့်ရန် တရုတ်အား အမေရိကန်က ပြောဆိုထားပြီး ယင်းဒေသသို့ အမေရိကန်ရေတပ်သင်္ဘောများ စေလွှတ်ခဲ့သည်။ နှစ်ဖက်စလုံးက ထိုဒေသတွင် စစ်ရေးလှုပ်ရှားနေသည်ဟု အပြန်အလှန် စွပ်စွဲထားကြသည်။

သောင်ဖို့ကာ မြေယာဖော်ယူခြင်းများသည် အရပ်ဖက်သုံးအတွက်သာဖြစ်ကြောင်း တရုတ်ဖက်က ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags