မိုးအဆက်မပြတ်သည်းထန်ခြင်းကြောင့် ထိုင်းအပန်းဖြေကျွန်းများ သဘာဝဘေးဇုန်နယ်မြေအဖြစ် ကြေညာထား

မိုးအဆက်မပြတ်သည်းထန်ခြင်းကြောင့် ထိုင်းအပန်းဖြေကျွန်းများ သဘာဝဘေးဇုန်နယ်မြေအဖြစ် ကြေညာထား

ဘန်ကောက်၊ ဒီဇင်ဘာ ၅ ။            ။ ထိုင်းနိုင်ငံ ဆူရတ်ဌာနီနှင့် တောင်ပိုင်းပြည်နယ်များတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခြင်းကြောင့် ဆူရတ်ဌာနီရှိ ကော့စမွီနှင့် ကော့ဖန်ဂန်း
အပန်းဖြေကျွန်းနှစ်ကျွန်းအား သဘာဝဘေးဇုန်နယ်မြေအဖြစ် ကြေညာထားသည်။

မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများကြောင့် ပျက်စီးထိခိုက်မှုများရှိရာ ဆူရတ်ဌာနီရှိ ခရိုင် ၁၉ ခရိုင်တွင် သဘာဝဘေးကျရောက်ရာနယ်မြေများအဖြစ် ၁၆ ခရိုင်ကို သတ်မှတ်ရာ၌ အဆိုပါ ကျွန်းနှစ်ကျွန်းလည်း ပါဝင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အင်သန်နက်က ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။

ဒေသတွင်း ဆူရတ်ဌာနီပြည်နယ်သည် အဆိုးဆုံးဘေးကြံုနေရာ ပြည်နယ်လည်းဖြစ်ကာ ပြီးခဲ့သည့် သီတင်းပတ်ကစတင်၍ မိုးသည်းထန်ခြင်းကြောင့် ရေကြီးမှုများ ကြံုတွေ့နေရသည်။

ဆိုးရွားသည့် ရာသီဥတုအခြေအနေအတွက် မိုးလေဝသဌာနက ဒီဇင်ဘာ ၅ ရက်၌ ထုတ်ပြန်သည်။

ကော့စမွီတွင် ဒီဇင်ဘာ ၄ ရက်က ရေကြီးမှု ပြန်ကျခဲ့သော်လည်း ညပိုင်း၌ မိုးထပ်မံ ရွာသွန်းခြင်းကြောင့် ဒီဇင်ဘာ ၅ ရက်တွင် လမ်းများ ထပ်မံရေမြုပ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly