အိန္ဒိယ နိုင်ငံရေးသြဇာရှိအမျိုးသမီး ဂျေဂျာရာလာလီသာ နှလုံးရောဂါကြောင့် အတိမ်းအစောင်းမခံ အခြေအနေမှာ ရှိနေဆဲ

အိန္ဒိယ နိုင်ငံရေးသြဇာရှိအမျိုးသမီး ဂျေဂျာရာလာလီသာ နှလုံးရောဂါကြောင့် အတိမ်းအစောင်းမခံ အခြေအနေမှာ ရှိနေဆဲ

အိန္ဒိယနိုင်ငံရဲ့ လူသိအများဆုံး နိုင်ငံရေးသြဇာအရှိဆုံးထဲမှ တစ်ယောက်ဖြစ်သူ အမျိုးသမီးကြီး ဂျေဂျာရာလာလီသာည ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက နှလုံးရောဂါဒဏ်ကိုခံစားခဲ့ရပြီး   ဆေးရုံတက် ကုသမှုခံယူနေ ရကာ အတိမ်းအစောင်းမခံနိုင်သောအခြေအနေမှာရှိနေဆဲဖြစ်ကြောင်း သူမကိုကုသပေးနေတဲ့ဆေးရုံမှပြော ပါတယ်။

ထောင်နဲ့ချီသောပြည်သူတွေဟာ ဆေးရုံရှေ့မှာ အိပ်စက်အနားယူခြင်းမပြုဘဲ ဆုတောင်းမေတ္တာပို့သရန် မတ်တပ်ရပ်စောင့်ဆိုင်းနေကြပါတယ်။

မစ္စဂျေရာလာလီသာ ကို လွန်ခဲ့သောစက်တင်ဘာလက လူအများရှေ့မှာ နောက်ဆုံးမြင်ခဲ့ရတာဖြစ်ပြီး အဲ့ဒီက တည်းက လအတန်ကြာအောင် ဆေးကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။

သူမဟာ ရုပ်ရှင်အကျော်အမော်တစ်ဦးဖြစ်ခဲ့ရုံသာမက တမီလ်နာဒူး ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ်လည်း လေးကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ခဲ့ကာ ပြည်နယ်အတွင်းမှပြည်သူအများအပြားက သူမကိုလေးစား ကြည်ညိုကြပါတယ်။ သူမကိုလေးစားထောက်ခံသူအများအပြားရှိပြီး ထိုထောက်ခံသူများက သူမကို အမေ အဖြစ်တင်စားခေါ်ဝေါ်ကြပါတယ်။

လောလောဆယ်တော့ သူမနေထိုင်ရာနေရာ တမီလ်နာဒူးပြည်နယ်တစ်လျှောက်မှာ ရဲတွေက အသင့်အနေ အထား  နဲ့နိုးနိုးကြားကြားရှိ နေကြပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly