ကံတော်ကုန် ဘုရင်ကြီး ဘူမိဘော၏ မွေးနေ့ကျင်းပ

ကံတော်ကုန် ဘုရင်ကြီး ဘူမိဘော၏ မွေးနေ့ကျင်းပ

ဘန်ကောက်၊ ဒီဇင်ဘာ ၅ ။                ။ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဘုရင်မင်းမြတ်ဘူမိဘော၏ နာမည်ပေးထားသော တံတားပေါ်တွင် လူပေါင်ထောင်ပေါင်းများစွာ စုရုံးရောက်ရှိကာ ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်သည့် ကံတော်ကုန် ဘုရင် ဘူမိဘော၏ မွေးနေ့ကို ကျင်းပသည်။

ဘုရင်ဘူမိဘော၏ မွေးနေ့ ဒီဇင်ဘာ ၅ ရက်သည် ထိုင်းနိုင်ငံသားများအတွက် မင်္ဂလာနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်ပြီး ယင်းနေ့တွင် ဘုရင်ဘူမိဘောက ပြည်သူများထံ မိန့်ခွန်းပြောကာ မွေးနေ့အခါသမယအဖြစ် ကျင်းပသည်။

ဆယ်စုနှစ် ခုနစ်ခုကျော် ထီးနန်းစိုးစံခဲ့သည့် ဘုရင်ဘူမိဘောသည် အာဏာသိမ်းမှုများ၊ မတည်ငြိမ်မှုများ ရင်ဆိုင်ရသည့် ထိုင်းနိုင်ငံအတွက် ရှေ့ဆောင်လမ်းပြသဖွယ်လည်းဖြစ်သည်။

ဘဝနောက်ပိုင်းအချိန်တွင် ဘူမိဘောမှာ မကျန်းမမာဖြစ်လာခဲ့ပြီး သက်တော် ၈၈ နှစ် အောက်တိုဘာ ၁၃ ရက် နတ်ရွာမစံမီ နောက်ဆုံးမွေးနေ့ပွဲ နှစ်ကြိမ်ကို ကျင်းပနိုင်ခြင်း မရှိဖြစ်ခဲ့သည်။

ဘုရင်မင်းမြတ် ကွယ်လွန်ခြင်းအတွက် ထိုင်းနိုင်ငံအတွင်း ဝမ်းနည်းဖွယ် တစ်နှစ် သတ်မှတ်ထားသည်။ “ဘုရင်ကြီး မရှိတော့ ကျွန်တော် ခုထိ အထီးကျန်ဝမ်းနည်းမှုကို ခံစားနေရဆဲဖြစ်ပါတယ်။”ဟု အဆိုပါ တံတားသို့ စုရုံးရောက်ရှိသူများမှ တစ်ဦးက ပြောသည်။

ဘူမိဘော နတ်ရွာစံပြီးနောက် အိမ်ရှေ့စံ မဟာဝါဇီရလောင်ကွန်းက ခမည်းတော်အတွက် ဝမ်းနည်းခြင်းအဖြစ် ထီးနန်း မစံသေးဘဲ သီတင်းခုနစ်ပတ် အချိန်ဆိုင်းခဲ့ပြီးနောက် ဒီဇင်ဘာ ၁ ရက်တွင် ထီးနန်းဆက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly