ဘီဘီစီရဲ့ ဗြိတိန်ဂီတ အနုပညာရှင်ဆုအတွက် လျာထားခံရတဲ့ ဒေးဗစ်ဘိုဝီ

ဘီဘီစီရဲ့ ဗြိတိန်ဂီတ အနုပညာရှင်ဆုအတွက် လျာထားခံရတဲ့ ဒေးဗစ်ဘိုဝီ

ဒေးဗစ်ဘိုဝီဟာကွယ်လွန်သွားပြီးခါမှ ဘီဘီစီရဲ့ဂီတဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးဗြိတိန်အနုပညာရှင် ဆုကိုရရှိဖို့လျာထားခံရပါတယ်။

လွန်ခဲ့တဲ့ဇန်နဝါရီလ အသက်၆၉နှစ်အရွယ်မှာကွယ်လွန်သွားခဲ့တဲ့ နာမည်ကျော်အဆိုတော်ဟာ အဆိုပါဆု အတွက် Adele၊ Calvin Harris၊ Coldplay၊ Jess Glynne တို့နဲ့အတူ လျာထားခံရတဲ့စာရင်းမှာပါ၀င်နေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်မှာတော့ အဆိုတော်အဒဲလ်ဟာ ဗြိတိန်တစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆုကိုရရှိခဲ့ပါ တယ်။

ဒီနှစ်အတွက် ဆုပေးပွဲကို BBC One မှ တိုက်ရိုက် ထုတ်လွှင့်ပြသမှာဖြစ်ပြီးတော့ လန်ဒန်မြို့ExCel ၌လာမည့် ဒီဇင်ဘာ၁၂ရက်နေ့ တွင် ကျင်းပမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လကတော့ တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆုအတွက်လျာထားခံရတဲ့စာရင်းမှ ထိန်ချမ်ထားခံခဲ့ ရအပြီးမှာ ယခုလို တစ်နှစ်တာအကောင်းဆုံး အနုပညာရှင်ဆုအတွက် စာရင်းမှာ ဘို၀ီဟာ ပါ၀င်လာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly