၂၈ နှစ်ကြာမှ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ထွက်မယ့် မွန်းအောင်

၂၈ နှစ်ကြာမှ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ထွက်မယ့် မွန်းအောင်

ရန်ကုန်၊ ဒီဇင်ဘာ ၅ ။               ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၈ နှစ် ကြာသည့်တိုင် သီချင်းတွေကို တရားဝင် သီဆိုခွင့် ဖြန့်ချိခွင့် မရခဲ့တဲ့ အဆိုတော် မွန်းအောင်က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် သူ့ရဲ့ တစ်ကိုယ်တော် “ငြိမ်းချမ်းရေး မိုးစက်များ” အခွေ ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် မွန်းအောင်က “မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၈၈ ကတည်းက ကျွန်တော် နောက်ဆုံးအခွေ ထွက်ခဲ့တာပါ။ ဒီအ ခွေကတော့ မြန်မာနိုင်ငံမှာ ထွက်ခဲ့တာနဲ့ဆိုရင် ငါးခွေမြောက်ပေါ့။ ၂၈နှစ် ရှိခဲ့ပါပြီ ကျွန်တော် မြန်မာနိုင်ငံမှာ သီချင်းတွေ တရားဝင် သီဆိုခွင့် မရတာ ဒါ ပထမဆုံး ပါပဲ” လို့ ပြောပါတယ်။

အဆိုပါ ငြိမ်းချမ်းရေး မိုးစက်များ Audio CD မှာ တေးသီချင်း ၁၂ ပုဒ် ပါ၀င်မှာ ဖြစ်ပြီး  ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေ ဖြစ်ကာ သီချင်း အသစ်တွေချည်းဖြစ်တယ်လို့ သူက ထပ်မံပြောပါတယ်။

“သီချင်း ၁၂ ပုဒ်လုံးကတော့ ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ ဒီမှာ ပေါက်ပြီးသား ပန်းရဲ့လမ်းက ဆိုပြီးသားသီချင်းတွေ ပါ မှာဖြစ်ပေမယ့် ကျွန်တော့်အနေနဲ့ ပထမဆုံး သီဆိုခွင့် ရတဲ့အတွက် သီချင်းအသစ်တွေချည်းလို့လည်း ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး နဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတဲ့ တေးသီချင်းများ အနက်မှ ကိုယ်တိုင် ရေးဖွဲ့ထားတဲ့ သီချင်းအသစ်တစ် ပုဒ် ပါ၀င်မှာဖြစ်ပြီး တေးရေး ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုအောင်ဝင်း၊ ကိုဒီချစ်မျိုးတို့ရဲ့ တေးသီချင်းများလည်း ပါ၀င်မှာ ဖြစ် ပါတယ်။

“ ငြိမ်းချမ်းရေး မိုးစက်များ” တေးစီးရီးကို ဒီဇင်ဘာ ၁၀ ရက်တွင် မာစတာတေးသံသွင်းမှ ဖြန့်ချိမှာ ဖြစ်ပြီး ၂၀၁၇ ဖေဖော် ၀ါရီလတွင်လည်း မွန်းအောင်ရဲ့ တစ်ကိုယ်တော် ရှိုးပွဲ ပြုလုပ်သွားရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။

အဆိုတော် မွန်းအောင်ရဲ့ “ ငြိမ်းချမ်းရေး မိုးစက်များ” တေးစီးရီး မိတ်ဆက်ပွဲကိုတော့ ဒီဇင်ဘာ ၅ ရက်က ဆူးလေ ဘု ရားလမ်းရှိ  East ဟိုတယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly