သြစတြီးယားသမ္မတ ရွေးကောက်ပွဲတွင် လက်ယာစွန်းရောက် ကိုယ်စားလှယ် နောဘတ်ဟော့ဖ်ဖာ အရေးနိမ့်

သြစတြီးယားသမ္မတ ရွေးကောက်ပွဲတွင် လက်ယာစွန်းရောက် ကိုယ်စားလှယ် နောဘတ်ဟော့ဖ်ဖာ အရေးနိမ့်

လက်ယာစွန်းရောက်ကိုယ်စားလှယ် နောဘတ်ဟော့ဖ်ဖာဟာ သြစတြီးယား သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် မစ္စတာ ဗန်ဒါဘယ်လန် ကို ရှုံးနိမ့်ခဲ့ပါတယ်။

မစ္စတာနောဘတ်ဟာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ သူဟာ အလွန်အမင်းကို စိတ်ပျက်ဝမ်းနည်းနေကြောင်း ပြောခဲ့ပြီး သူ့ရဲ့ပြိုင်ဘက် Green ပါတီခေါင်းဆောင်ဟောင်း မစ္စတာ အလက်ဇန္ဒား ဗန်ဒါဘယ်လန်ရဲ့အနိုင်ရရှိမှုကို ဂုဏ်ပြုကြောင်း ရေးသားခဲ့ပါတယ်။

မစ္စတာဗန်ဒါဘယ်လန်ဟာ လွတ်လပ်မှု၊ မျှတမှု၊ စည်းလုံးညီညွတ်မှုတို့ကို အခြေခံပြီး ဥရောပသမဂ္ဂကို လိုလားတဲ့ သြစတြီးယားနိုင်ငံအဖြစ် မဲပေးကြရန် တောင်းဆိုခဲ့ပါတယ်။

သူကသြစတြီးယားနိုင်ငံရဲ့အလံကိုရည်ညွှန်းကာ အနီရောင်၊ အဖြူရောင်၊ အနီရောင် သင်္ကတဟာ မျှော်လင့်ချက်နဲ့ အပြောင်းအလဲကိုဆိုလိုပြီး ဒီ အနီရောင်၊ အဖြူရောင်၊ အနီရောင် သင်္ကတဟာ ဒီနေ့ကနေစပြီး သြစတြီးယားနိုင်ငံကနေ ဥရောပသမဂ္ဂရဲ့ မြို့တော်ကြီးတွေဆီကို ရောက်ရှိသွားပါပြီလို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူဟာ သြစတြီးယားနိုင်ငံရဲ့ ပထမဦးဆုံးသော ဥရောပသမဂ္ဂကို လိုလားတဲ့သမ္မတ ဖြစ်လာခဲ့ပြီး သဘောထားကြီးသော အတွေးအခေါ်သစ်များကိုလက်ခံပြီး အစွန်းမရောက်သော သမ္မတ တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags