ရောမ၊ ဒီဇင်ဘာ ၅ ။ ။ အီတလီဝန်ကြီးချုပ် မတ်တီယိုရန်ဇီက ဖွဲ့စည်းပုံ ပြင်ဆင်မည့် ၎င်း၏ အစီအစဉ်အပေါ် ပြည်လုံးကျွတ်ဆန္ဒခံယူရာ အကြီးအကျယ်ရှုံးနိမ့်ပြီးနောက် ရာထူးက နုတ်ထွက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ည သတင်းစာရှင်းလင်းပွဲ၌ ရလဒ်အတွက် အဆိုပါ ရလဒ်အတွက် ၎င်းအနေဖြင့် တာဝန်ယူမည် ဖြစ်ကြောင်း ပြောသည်။
နိုင်ငံပိုင် အသံလွှင့်ဌာန RAI ၏ ရလဒ်မဲ ထုတ်ပြန်ချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၄၂-၄၆ ရာခိုင်နှုန်း မဲပေးပြီး မပြင်ဆင်ရေးကို ၅၄-၅၈ မဲပေးကြောင်း သိရသည်။
တရားဝင်ရေတွက်မှုပေါ်မူတည်၍ ရလဒ်ကောက်ယူချက်အရ အကြီးအကျယ် မဲရှုံးခြင်းဖြစ်သည်။
အစောပိုင်း ကောက်ယူချက်တွင်မူ ပြင်ဆင်ရေးက ၃၉ - ၄၃ ရာခိုင်နှုန်းရှိပြီး မပြင်ဆင်ရေးက ၅၇ - ၆၁ ရာခိုင်နှုန်း ရှိခဲ့သည်။
“အားလုံးပဲ ကံကောင်းကြပါစေ။”ဟု ရန်ဇီက သတင်းထောက်များအား ပြောသည်။ ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်း၌ ကက်ဘိနက်အဖွဲ့သို့ ရာထူးက နုတ်ထွက်ကြောင်းကို တင်ပြမည်ဖြစ်ကြောင်း၊ ထိုနောက် သမ္မတထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
ယခုလနှောင်းပိုင်း၌ ဘတ်ဂျတ်ဥပဒေအား လွှတ်တော်က အတည်ပြုသည့် အချိန်အထိ ဆက်လက်တာဝန်ထမ်းရန် သမ္မတက ဝန်ကြီးချုပ်ရန်ဇီအား တိုက်တွန်းတောင်းဆိုဖွယ်လည်း ရှိနေသည်။