ထိုင်းတောင်ပိုင်းတွင် ရေကြီးမှုကြောင့် ၁၁ ဦး သေဆုံး

ထိုင်းတောင်ပိုင်းတွင် ရေကြီးမှုကြောင့် ၁၁ ဦး သေဆုံး

ဘန်ကောက်၊ ဒီဇင်ဘာ ၅ ။                 ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ပြည်နယ်ဆယ်ခု၌ ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၁ ရက်က စတင်ခဲ့သည့် ယင်းရေကြီးမှုကြောင့် လူ ၁၁ ဦး သေဆုံးကြောင်း သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ပြောသည်။

ဆူရတ်ဌာနီတွင် ရေနှင့် မျောပါပြီး လူနှစ်ဦး ပျောက်ဆုံးကာ နှစ်ဦးဒဏ်ရာရချိန် ဒီဇင်ဘာ ၄ ရက်အထိ သေဆုံးသူက ၁၁ ဦးထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းဌာန၏ ညွန်ကြားရေးမှူးချုပ် ချတ်ချိုင်းဖာရွမ်လက်က ပြောသည်။

ရေကြီးသည့် ပြည်နယ်များမှ ခရိုင် ၆၈ ခရိုင်တွင် ရေဘေးကြံုတွေ့နေသည့် ပြည်သူပေါင်း ၃၆၆၆၀၀၀ ကျော်ရှိသည်။

တောင်ပိုင်းပြည်နယ်များတွင် မိုးများ ဆက်လက်ရွာသွန်းနေပြီး ဆူရတ်ဌာနီတွင် ဒီဇင်ဘာ ၄ ရက်၌ မိုးစဲစပြုလာကြောင်း ချတ်ချိုင်းက ပြောသည်။

တောင်ပိုင်းရေကြီးမှု အခြေအနေအား အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး ကယ်ဆယ်ရေးများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

ရေဘေးကြံုပြည်သူများအား အကူအညီများ မြှင့်တင်ပေးနိုင်ရေး အနီးကပ် လက်တွဲလုပ်ဆောင်ရန် ကယ်ဆယ်ရေးနှင့် သဘာဝဘေးလျော့ပါးရေး အေဂျင်စီများအား ဝန်ကြီးချုပ် ချန်အိုချာက ညွန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags